Africa & Middle East
ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အစ္စရေးနှင့် ဟားမက်စ်အကြား ပဉ္စမအသုတ် အကျဉ်းသားနှင့် ဓားစာခံလဲလှယ်မှု ပြီးစီး
![](https://xinhuamyanmar.com/wp-content/uploads/2025/02/9f1.jpg)
ဂျေရုဆလမ်/ရာမာလာ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)
ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အစ္စရေးနှင့် ဟားမက်စ်အကြား ပဉ္စမအသုတ် အကျဉ်းသားနှင့် ဓားစာခံလဲလှယ်မှုအား ဖေဖော်ဝါရီ ၈ ရက်က အပြီးသတ်လုပ်ဆောင်ခဲ့သည်ဟု အစ္စရေးနှင့် ပါလက်စတိုင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။ဟားမက်စ်အဖွဲ့က အစောပိုင်းတွင် ဖမ်းဆီးထားသော အစ္စရေးဓားစာခံ သုံးဦးအား ဂါဇာဒေသ အလယ်ပိုင်းမှ အစ္စရေး ကာကွယ်ရေးတပ် (IDF) နှင့် အစ္စရေးလုံခြုံရေးဌာနတို့ထံ ဖေဖော်ဝါရီ ၈ ရက်က လွှဲပြောင်းပေးခဲ့ကြောင်း၊ ယင်းဓားစာခံများမှာ နယ်စပ်ကိုဖြတ်၍ အစ္စရေးနိုင်ငံဘက်သို့ ဝင်ရောက်ခဲ့ကြောင်း IDF က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
![](https://xinhuamyanmar.com/wp-content/uploads/2025/02/9f2.jpg)
ပြန်လွတ်မြောက်လာသော အစ္စရေး ဓားစာခံတစ်ဦးအား တင်ဆောင်လာသည့် ရဟတ်ယာဉ် အစ္စရေးနိုင်ငံ ရာမတ်ဂန်မြို့ရှိ ကျန်းမာရေးစင်တာတစ်ခုသို့ ရောက်ရှိလာစဉ် ဓားစာခံ၏ ဆွေမျိုးများ အချင်းချင်းပွေ့ဖက်နေပုံကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်၌ အစ္စရေး တောင်ပိုင်းသို့ ဟားမက်စ်အဖွဲ့ ဦးဆောင်သော စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည့် အစ္စရေး ဓားစာခံသုံးဦးမှာ အစ္စရေး-ဂျာမန် နှစ်နိုင်ငံသား ခံယူထားသူ အသက် ၅၆ နှစ်အရွယ် အိုဟက် ဘန်အာမီ၊ အသက် ၅၂ နှစ်အရွယ် အယ်လီ ရှာရာဘီနှင့် အသက် ၃၄ နှစ်အရွယ် အော်လီဗီတို့ဖြစ်ကြောင်း သိရသည်။
အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု၏ရုံးက အစိုးရအနေဖြင့် လုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်၍ ပြန်လွတ်မြောက်လာသော ဓားစာခံများနှင့် ၎င်းတို့၏ မိသားစုများအတွက် အကူအညီပေးသွားမည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အကျဉ်းသားနှင့် ဓားစာခံလဲလှယ်မှု တစ်စိတ်တစ်ဒေသအဖြစ် အစ္စရေး အကျဉ်းထောင်များရှိ ပါလက်စတိုင်း အကျဉ်းသား ၁၈၃ ဦးအား အစ္စရေးဘက်က သဘောတူညီချက်အတိုင်း ပြန်လွှတ်ပေးခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/01S
……………………………………………………………………………………
(English Version)
Israel, Hamas complete 5th prisoner-for-hostage swap under Gaza ceasefire deal
JERUSALEM/RAMALLAH, Feb. 8 (Xinhua) — Israel and Hamas on Saturday completed the fifth prisoner-for-hostage swap under the first phase of the ongoing Gaza ceasefire agreement, according to Israeli and Palestinian sources.
Three Israeli hostages previously held by Hamas were transferred on Saturday from central Gaza to the Israel Defense Forces (IDF) and the Israel Security Agency and crossed the border into Israel, the IDF said in a statement.
The three Israeli hostages, kidnapped in a Hamas-led attack on southern Israel on Oct. 7, 2023, are Ohad Ben Ami, 56, a dual Israeli-German citizen; Eli Sharabi, 52; and Or Levy, 34.
Israeli Prime Minister Benjamin Netanyahu’s office said in a statement that “in collaboration with security bodies, the government will support the released hostages and their families.”
As part of the swap, Israel also freed 183 Palestinian prisoners from Israeli jails on Saturday as agreed. xhtxs.cn/01S
English Caption 1
Children welcome a released Palestinian prisoner (C) in the West Bank city of Ramallah, on Feb. 8, 2025. (Photo by Ayman Nobani/Xinhua)
English Caption 2
Relatives of the hostage hug each other when a helicopter carrying a released hostage arrived at a Medical Center in Ramat Gan, Israel, on Feb. 8, 2025. (Photo by Gil Cohen Magen/Xinhua)