North America
ယူကရိန်း၌ Starlink ဂြိုဟ်တု အသုံးပြုခြင်းနှင့် ပတ်သက်၍ အီလွန်မက်စ်၊ ရူဘီယိုနှင့် ပိုလန်နိုင်ငံခြားရေးဝန်ကြီးတို့ အွန်လိုင်းပေါ်တွင် အချေအတင်ဖြစ်ပွား

ဝါရှင်တန်၊ မတ် ၁၀ ရက် (ဆင်ဟွာ)
ယူကရိန်း၌ Starlink ဂြိုဟ်တုစနစ် အသုံးပြုခြင်းနှင့် ပတ်သက်၍ အမေရိကန် နည်းပညာလုပ်ငန်းရှင် ဘီလျံနာ အီလွန်မက်စ်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့် ပိုလန်နိုင်ငံခြားရေးဝန်ကြီးတို့ မတ် ၉ ရက်က အွန်လိုင်းပေါ်တွင် အချေအတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အာကာသကုမ္ပဏီ SpaceX ၏ အမှုဆောင်ချုပ်ဖြစ်သူ မက်စ်က မိမိ၏ Starlink ဂြိုဟ်တုစနစ်မှာ ယူကရိန်းစစ်တပ်အတွက် ပင်မကျောရိုးဖြစ်ကြောင်း၊ ယင်းစနစ်အား ဖြတ်တောက်လိုက်မည်ဆိုလျှင် ယူကရိန်း၏ ရှေ့တန်းစစ်မျက်နှာတစ်ခုလုံး ပြိုလဲသွားလိမ့်မည်ဖြစ်ကြောင်း X ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွင် ရေးသားခဲ့သည်။
ယင်းအား တုံ့ပြန်သည့်အနေဖြင့် ပိုလန်နိုင်ငံခြားရေးဝန်ကြီး ရာဒိုစလော စီကောစကီးက ယူကရိန်း အသုံးပြုနေသော Starlinks စနစ်အတွက် ပိုလန် ဒစ်ဂျစ်တယ်ဝန်ကြီးဌာနက တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့် အကုန်အကျခံထားခြင်းဖြစ်ကြောင်း X တွင် ရေးသားခဲ့သည်။
“ကျူးကျော်ခံရသူကို ခြိမ်းခြောက်တာက ကျင့်ဝတ်နဲ့ သွေဖည်နေသလို SpaceX ဟာ စိတ်မချရတဲ့ပံ့ပိုးသူဖြစ်နေမယ်ဆိုရင် မိမိတို့အနေနဲ့လည်း ဝန်ဆောင်မှုပေးမယ့် တခြားကုမ္ပဏီတွေကို ရှာဖွေရပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
ရူဘီယိုကမူ ပိုလန်နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ပုံကြီးချဲ့ပြောဆိုနေခြင်းသာ ဖြစ်သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။ (Xinhua)
……………………………………………………………….
(English Version)
Musk, Rubio clash with Polish minister over Starlink use in Ukraine
WASHINGTON, March 9 (Xinhua) — U.S. tech billionaire Elon Musk and Secretary of State Marco Rubio on Sunday had an online clash with Poland’s foreign minister over Starlink use in Ukraine.
Musk, chief executive officer of the aerospace company SpaceX, wrote on social platform X that “my Starlink system is the backbone of the Ukrainian army,” and “Their entire front line would collapse if I turned it off.”
In response, Polish Foreign Minister Radoslaw Sikorski wrote on X that Starlinks for Ukraine are paid for by the Polish Digitization Ministry at the cost of about 50 million U.S. dollars per year.
“The ethics of threatening the victim of aggression apart, if SpaceX proves to be an unreliable provider we will be forced to look for other suppliers,” he said.
Rubio accused the Polish minister of “just making things up.”
English Caption
Elon Musk, CEO of Tesla, unveils a suit of batteries for homes, businesses, and utilities at Tesla Design Studio in Hawthorne, California, the United States, April 30, 2015. (Xinhua/Yang Lei)