Connect with us

International Organizations

၂၀၂၅ ခုနှစ် မတ် ၁၁ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ကွယ်လွန်သွားသည့် အသင်းဆရာဝန်အတွက် ဘင်ဖီကာနှင့် ပွဲစဉ်အား အနိုင်ကစားရန် ဘာစီလိုနာနည်းပြ ရည်မှန်း
ဘာစီလိုနာအနေဖြင့် ဝမ်းနည်းပူဆွေးမှုများကို ကျော်လွှားပြီး မတ် ၁၁ ရက် ညပိုင်းတွင် ဘင်ဖီကာနှင့် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်တွင် ပထမအကျော့၌ ၁-၀ ဂိုးဖြင့် အနိုင်ရထားသည့် ရလဒ်ကို ထိန်းထားနိုင်ရန် ရည်မှန်းထားသည်။
ဘာစီလိုနာအသင်း ဆရာဝန်ဖြစ်သူ ကားလက်စ် မင်နာရိုမှာ မတ် ၈ ရက်ညပိုင်းတွင် ယှဉ်ပြိုင်ကစားရမည့် အိုဆာဆူနာနှင့် လာလီဂါပွဲစဉ်မတိုင်မီ ရုတ်တရက် ကွယ်လွန်သွားသည့်အတွက် အဆိုပါပွဲစဉ်အား ရွှေ့ဆိုင်းခဲ့ရသလို ကစားသမားများအနေဖြင့်လည်း ပွဲကြိုသတင်းစာရှင်းလင်းပွဲ ဖြေကြားခြင်းမရှိသည်ကို ခွင့်ပြုပေးရန် အသင်းဘက်က ယူအီးအက်ဖ်အေထံ ပန်ကြားခဲ့သည်။
“ဒါက ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပါပဲ။ သူက လူတော်တစ်ယောက်ဖြစ်သလို အသင်းအတွက်၊ ကလပ်အတွက် ယုံကြည်အားထားရတဲ့ သိပ်တော်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့အသင်းရဲ့ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်လို့ ကျွန်တော်တို့ သူ့ကို အောက်မေ့သတိရနေမှာပါ” ဟု ဘာစီလိုနာနည်းပြ ဟန်ဆီ ဖလစ်ခ်က ပြောကြားခဲ့သည်။
“လာမယ့်ပွဲစဉ်မှာ ကျွန်တော်တို့ သူ့အတွက် ကစားပေးချင်ပါတယ်။ အဲဒီအရေးကြီးပွဲစဉ်ကို သူ့အတွက် အနိုင်ကစားချင်ပါတယ်။ ကျွန်တော်တို့ အဲဒီအတွက် အသင့်ဖြစ်နေပါပြီ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
…..
— အင်ဒီယန်ဝဲလ်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဆာဘလန်ကာက ဘရွန်ဇက်တီကို အနိုင်ယူ၍ ရှုံးထွက်အဆင့်သို့ တက်ရောက်
မတ် ၁၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အင်ဒီယန်ဝဲလ်စ်အိုးပင်း ပြိုင်ပွဲတွင် ဆီဒင်-၁ ဘီလာရုစ်တင်းနစ်မယ် အရီနာ ဆာဘလန်ကာက အီတလီတင်းနစ်မယ် လူစီယာ ဘရွန်ဇက်တီကို ၆-၁၊ ၆-၂ ဖြင့် အနိုင်ယူကာ ရှုံးထွက်အဆင့်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။
အချိန် ၁ နာရီနှင့် ၁၅ မိနစ်ကြာ ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲစဉ်တွင် ဆာဘလန်ကာက ပထမစပေးဘော ၇၅ ရာခိုင်နှုန်းကို အမှတ်ယူနိုင်ခဲ့ပြီး break point ၁၂ မှတ်အနက် ၅ မှတ်ရအောင် ယူနိုင်ခဲ့ကာ အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့အဆင့်-၁ ဆာဘလန်ကာအနေဖြင့် WTA 1000 ပြိုင်ပွဲတွင် ကွာတားဖိုင်နယ် တက်ရောက်နိုင်ရေးအတွက် ဗြိတိန်တင်းနစ်မယ် ဆိုနေး ကာတယ်လ်နှင့် မတ် ၁၂ ရက်၌ ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်သည်။ ကာတယ်လ်က ရုရှားတင်းနစ်မယ် ပေါ်လီနာ ကူဒါမက်တိုဗာကို ၇-၅၊ ၆-၃ ဖြင့် အနိုင်ယူကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
…..
— IBA အမျိုးသမီး ကမ္ဘာ့လက်ဝှေ့ပြိုင်ပွဲတွင် တရုတ်လက်ဝှေ့ကစားသမားလေးဦး ရှုံးထွက်အဆင့်သို့ တက်ရောက်
ဆားဘီးယားနိုင်ငံ နစ်စ်မြို့တွင် မတ် ၁၀ ရက်၌ ကျင်းပသည့် IBA အမျိုးသမီး ကမ္ဘာ့လက်ဝှေ့ပြိုင်ပွဲ ပထမအဆင့်တွင် ယမန်နှစ်က နိုင်ငံအဆင့် နှစ်ထပ်ကွမ်း ရွှေတံဆိပ်ချန်ပီယံ Cai Yan အပါအဝင် တရုတ်လက်ဝှေ့ကစားသမားလေးဦး အောင်ပွဲခံနိုင်ခဲ့ကြောင်း သိရသည်။
Cair အားကစားရုံ၌ ယှဉ်ပြိုင်ခဲ့သည့် ဖယ်သာဝိတ်တန်း (၅၄-၅၇ ကီလို) တွင် ၅၇ ကီလိုတန်း၌ လက်ရှိချန်ပီယံဖြစ်သူ Cai က ဘီလာရုစ်လက်ဝှေ့မယ် မာယီနာ မူလီယာချစ်ခ်အား ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့သည်။
၂၀၂၄ ခုနှစ် တရုတ်နိုင်ငံလုံးဆိုင်ရာ ချန်ပီယံလုပွဲတွင် ငွေတံဆိပ်ဆွတ်ခူးခဲ့သည့် Wei Sitong ကလည်း ဖလိုင်းဝိတ်တန်း (၅၀-၅၂ ကီလို) တွင် မော်လ်ဒိုဗာမှ မာအီယာ အိုဒီဂျူအား ဒိုင်ပွဲရပ်ဖြင့်ပင် အနိုင်ရရှိခဲ့သည်။ (Xinhua)


………………………………………………………………………………………….
(English Version)
Flick eyes win over Benfica for Barca doctor Minarro
FC Barcelona has to overcome tragedy when it takes on Benfica in the second leg of their Champions League tie on Tuesday night aiming to defend a 1-0 lead from the first leg.
Barcelona’s La Liga game at home to Osasuna on Saturday night was postponed following the shock death of club doctor Carles Minarro prior to the game and the club has asked UEFA to allow the players to not speak to the press prior to the game as a mark of respect.
“It is a great loss, he was a great person and an excellent doctor, who was incredible for the team and the club and a key piece in our team. We will miss him,” said Flick.
“We want to play for him to tomorrow and we want to win this important match for him. We are prepared for that,” added the coach.
…..
Sabalenka beats Bronzetti to reach Indian Wells last 16
Women’s top seed Aryna Sabalenka of Belarus cruised into the round of 16 at Indian Wells on Monday by overcoming Italian Lucia Bronzetti 6-1, 6-2.
Sabalenka won 75 percent of her first serve points and converted five of 12 break points en route to victory in an hour and 15 minutes.
The world No. 1 will meet Britain’s Sonay Kartal on Wednesday for a place in the quarterfinals of the WTA 1000 event. The latter advanced by beating Russian Polina Kudermetova 7-5, 6-3.
…..
Four Chinese boxers advance to round of 16 at IBA Women’s World Championships
Four Chinese boxers, including last year’s double national gold medalist Cai Yan, triumphed in the first round of the IBA Women’s World Boxing Championships in Nis, Serbia, on Monday.
Cai, the reigning champion of China in the 57 kg category, defeated Maryina Muliarchyk of Belarus in the featherweight category (54-57kg) by referee stoppage contest (RSC) at the Cair Sports Hall.
Wei Sitong, a silver medalist at the 2024 Chinese National Championships, also secured victory by RSC as she overcame Maia Odaiju of Moldova in the flyweight division (50-52kg).