Australia / Oceania
အမေရိကန်၏ စည်းကြပ်ခွန်များက လုံးဝတရားနည်းလမ်းမကျဟု ဩစတြေးလျ ဝန်ကြီးချုပ် ပြော

ဆစ်ဒနီ၊ မတ် ၁၂ ရက် (ဆင်ဟွာ)
ဩစတြေးလျ၏ သံမဏိနှင့် အလူမီနီယံ ထုတ်ကုန်များအတွက် ထရမ့်အစိုးရထံမှ သွင်းကုန်ကင်းလွတ်ခွင့် မရရှိခဲ့သော်လည်း ဩစတြေးလျအနေဖြင့် အမေရိကန်အပေါ် လက်တုံ့ပြန်သည့် စည်းကြပ်ခွန် ကောက်ခံမှုများ ပြုလုပ်မည်မဟုတ်ကြောင်း ဝန်ကြီးချုပ် အန်သနီ အယ်လ်ဘနိစ်က ပြောကြားခဲ့ပြီး အမေရိကန်၏ စည်းကြပ်ခွန်များမှာ လုံးဝတရားနည်းလမ်းမကျကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
“ဒါဟာ နှစ်နိုင်ငံကြားက ရေရှည်ခိုင်မြဲတဲ့ ချစ်ကြည်ရင်းနှီးမှု အနှစ်သာရကို ဆန့်ကျင်နေသလို နှစ်ပေါင်း ၇၀ ကျော်တိုင်တိုင် ကျွန်တော်တို့ရဲ့ စီးပွားရေး မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကနေ အကျိုးအမြတ် ဖြစ်ထွန်းမှုတွေနဲ့လည်း အခြေခံကျကျ ဆန့်ကျင်သွေဖည်နေပါတယ်” ဟု ဆစ်ဒနီမြို့တွင် မတ် ၁၂ ရက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း ၎င်းက ပြောကြားခဲ့သည်။
ဩစတြေးလျအပေါ် သွင်းကုန်စည်းကြပ်ခွန် သတ်မှတ်မည့် သမ္မတ ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်မှာ အမေရိကန်-ဩစတြေးလျ ဆက်ဆံရေးအတွက် ဧကန်မုချ အနုတ်သဘောဆောင်သည့် လုပ်ရပ်ဖြစ်သည်ဟု အယ်လ်ဘနိစ်က ဆိုခဲ့သည်။
ထိုဆုံးဖြတ်ချက်မှာ အမေရိကန်အတွက် သွင်းကုန်စရိတ်စက တိုးလာစေမည့်အပြင် ယင်းကုန်ကျစရိတ်များကို ဩစတြေးလျ နိုင်ငံသားများက ကျခံရမည်မဟုတ်ဘဲ အမေရိကန် နိုင်ငံသားများသာလျှင် ကျခံရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
လက်ရှိ သံမဏိသွင်းကုန် အခွန်နှုန်းထားနှင့် ချိန်ညှိလျက် အလူမီနီယံ သွင်းကုန်ခွန်များကို ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သည့် ကြေညာချက်များကို ထရမ့်က ဖေဖော်ဝါရီ ၁၀ ရက်၌ လက်မှတ်ရေးထိုးခဲ့သည်။ ထို့ပြင် သံမဏိနှင့် အလူမီနီယံ စည်းကြပ်ခွန်များကို အကန့်အသတ်ဖြင့် ကင်းလွတ်ခွင့်များ၊ အထူးကင်းလွတ်ခွင့်များနှင့် ချန်လှပ်မှုများကို ပယ်ဖျက်ရန်လည်း ၎င်းက ဆုံးဖြတ်ခဲ့သည်။ (Xinhua)
……………………..
(English Version)
U.S. tariffs “entirely unjustified:” Australian PM
SYDNEY, March 12 (Xinhua) — Australia will not impose retaliatory tariffs on the United States, despite its failure to secure an exemption from Trump administration’s import taxes on Australian steel and aluminium, said Prime Minister Anthony Albanese, who described the tariffs as “entirely unjustified.”
“This is against the spirit of our two nations’ enduring friendship and fundamentally at odds with the benefits that our economic partnership has delivered over more than 70 years,” Albanese said at a press conference on Wednesday in Sydney.
Albanese said President Donald Trump’s choice to impose tariffs on Australia is undoubtedly a negative move for the U.S.-Australia relationship.
This decision also raises import costs into the United States, and these costs will be borne by Americans, not Australians, he said.
On Feb. 10, Trump signed proclamations to raise tariffs on aluminum from 10 percent to 25 percent, aligning them with the existing tariff rate for steel. He also decided to eliminate duty-free quotas, exemptions, and exclusions for steel and aluminum tariffs.
English Caption
Anthony Albanese reacts after winning Australia’s 2022 federal election in Sydney, Australia, May 21, 2022. (Xinhua/Bai Xuefei)