Connect with us

International Organizations

၂၀၂၅ ခုနှစ် မတ် ၂၀ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— Balon d’Or ဆု ဆွတ်ခူးနိုင်ရန် ရည်မှန်းထားဟု ဘာစီလိုနာ တောင်ပံကစားသမား လာမင်း ယမားလ် ဖွင့်ဟပြောဆို
ဘာစီလိုနာအသင်း တောင်ပံကစားသမား လာမင်း ယမားလ်က ကမ္ဘာ့အကောင်းဆုံး ကစားသမားကို ချီးမြှင့်လေ့ရှိသည့် အလွန်မက်မောတောင့်တဖွယ်ဖြစ်သော Balon d’Or ဆုကို ဆွတ်ခူးလိုကြောင်း၊ သို့သော် ၎င်း၏ နံပါတ်တစ် ရည်ရွယ်ချက်မှာ ဘာစီလိုနာအသင်း ချန်ပီယံဆုဖလားများ ဆွတ်ခူးနိုင်အောင် ကူညီပေးရန်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ပထမဦးစားပေးက ဘာစီလိုနာအတွက် ဆုဖလားတွေ ရယူပေးဖို့ပါပဲ။ ကျန်တာတွေအားလုံးက အဲဒီနောက်ပိုင်းမှပါ” ဟု စပိန်အားကစားသတင်းစာ Diario AS နှင့် အင်တာဗျူး၌ ယမားလ်က ပြောကြားခဲ့ပြီး Balon d’Or ဆုမှာ အများအားဖြင့် အသင်းလိုက် အောင်မြင်မှုများနှင့် ယှဉ်တွဲနေသော ဆုဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းနှင့် ချန်ပီယံလိဂ်ဖလား၊ စပိန်အသင်းနှင့် ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ရေးက ၎င်း၏အကြီးမားဆုံး မျှော်မှန်းချက်များဖြစ်သည်ဟုလည်း ယမားလ်က ဆိုသည်။
…..
— အီတလီနှင့် ယှဉ်ပြိုင်ကစားမည့် နေးရှင်းလိဂ် ကွာတားဖိုင်နယ်အတွက် ဂျာမနီ အသင့်ပြင်ဆင်
ဂျာမနီလက်ရွေးစင်အသင်းမှာ အီတလီအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အတွက် မတ် ၁၉ ရက်က မီလန်မြို့သို့ မထွက်ခွာမီ အီတာလျံ စားသောက်ဆိုင်တစ်ဆိုင်၌ အသင်းသားများ ဆုံစည်းခဲ့ကြောင်း သိရသည်။
နည်းပြချုပ် ယူလီယန် နာဂယ်စ်မန်းအနေဖြင့် အသင်း၏ အဓိက ပွဲထွက်လူစာရင်းအတွက် ဆုံးဖြတ်ချက်ချပြီးဖြစ်ကာ ဟော့ဖန်ဟိမ်းအသင်းမှ အိုလီဗာ ဘောင်းမန်းအား ပထမဦးစားပေး ဂိုးသမားအဖြစ်လည်းကောင်း၊ မွန်ချန်ဂလာဘတ်ချ်အသင်းမှ တင်မ် ကလိုင်းဒင့်စ်အား အဓိကတိုက်စစ်မှူးအဖြစ်လည်းကောင်း ရွေးချယ်ထားခဲ့သည်။ ကလိုင်းဒင့်စ်မှာ မွန်ချန်ဂလာဘတ်ချ်အတွက် ယခုရာသီတွင် ခြေစွမ်းပြနေပြီး လိဂ်ပြိုင်ပွဲ ၂၅ ပွဲတွင် ၁၅ ဂိုးသွင်းယူထားကာ ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ထားသည်။ ထို့အတူ ဘာစီလိုနာအသင်းဂိုးသမား မာ့ခ်-အန်ဒရေ တာစတီဂျန်ကလည်း ဒဏ်ရာမှ ပြန်လည်သက်သာလာမည်ဟု မျှော်လင့်ရသည်။
ယူရို ၂၀၂၄ ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် လက်ထိဘောအား အငြင်းပွားဖွယ် ဆုံးဖြတ်မှု အပါအဝင် စပိန်အသင်းကို ရှုံးနိမ့်၍ ပြိုင်ပွဲမှထွက်ခွာခဲ့ရသည့် စိတ်ပျက်ဖွယ်အခြေအနေမှ ပြန်ရုန်းထနိုင်ရန် စိတ်ပိုင်းဖြတ်ထားကြောင်းလည်း နာဂယ်စ်မန်းက ပြောကြားခဲ့သည်။
…..
— အာဂျင်တီးနားအသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များမှ လော်တာရို မာတီနက်ဇ် နုတ်ထွက်
အင်တာမီလန်တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်မှာ တံကောက်ကြော စုတ်ပြဲဒဏ်ရာကြောင့် ဥရုဂွေး၊ ဘရာဇီး အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည့် ဖီဖာကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များမှ နုတ်ထွက်ခဲ့ကြောင်း အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ် (AFA) က မတ် ၁၉ ရက်၌ ပြောကြားခဲ့သည်။
အင်တာမီလန်က အတ္တလန်တာအား ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် မတ် ၁၆ ရက် အီတလီစီးရီးအေပွဲစဉ်တွင် မာတီနက်ဇ်က ဒုတိယဂိုး သွင်းယူခဲ့ပြီး ပွဲကစားချိန် ၉၁ မိနစ်တွင် ၎င်းအား လူစားလဲခဲ့ရသည်။
နည်းပြလီယွန်နယ် စကာလိုနီ၏ အသင်းမှာ အသင်း ၁၀ သင်းပါဝင်သော တောင်အမေရိကဇုန်တွင် ၁၂ ပွဲ ကစားပြီးချိန်၌ ရမှတ် ၂၅ မှတ်ဖြင့် ဦးဆောင်နေကာ ဒုတိယနေရာမှ ဥရုဂွေးအသင်းကို ငါးမှတ်ဖြတ်ထားနိုင်ခဲ့သည်။
…..
— International Series Macao ဂေါ့ဖ်ပြိုင်ပွဲအား မတ် ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်
International Series Macao ဂေါ့ဖ်ပြိုင်ပွဲအား Macao Golf and Country Club ဂေ့ါဖ်ကွင်း၌ မတ် ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ကမ္ဘာ့အဆင့် ‌ဂေ့ါဖ်ကစားသမားများ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြိုင်ပွဲစီစဉ်သူများက မတ် ၁၉ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
လက်ရှိချန်ပီယံဖြစ်သူ အမေရိကန် ဂေ့ါဖ်ကစားသမား ဂျွန်ကက်ထ်လင်က ၎င်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်၍ ဆုဖလား ထပ်မံကိုင်မြှောက်နိုင်ရန် မျှော်လင့်စောင့်စားလျက်ရှိကြောင်း ပြောကြားခဲ့သည်။ “မတ် ၂၃ ရက်မှာ နောက်ဆုံးကိုးကျင်းအတွက် အခွင့်အရေးရဖို့က ကျွန်တော့်ရဲ့ အဓိကဦးစားပေးပါ” ဟု ၎င်းက ဆိုသည်။
တရုတ် (ဟောင်ကောင်) ဂေါ့ဖ်ကစားသမား Taichi Kho ကလည်း ယခုသီတင်းပတ်တွင် ပြည်တွင်းမှ ကစားသမားများစွာ ပါဝင်မည်ဖြစ်ကြောင်း၊ မေဂျာဂေ့ါဖ်ပြိုင်ပွဲများတွင် ချန်ပီယံဖြစ်ထားသူများနှင့်အတူ ယှဉ်ပြိုင်ရခြင်းက ၎င်းကို စိတ်အားတက်ကြွစေကြောင်း ပြောကြားခဲ့သည်။ (Xinhua)


………………
(English Version)
Barca winger Yamal shows his ambition to win Balon d’Or award
FC Barcelona winger Lamine Yamal doesn’t hide his ambition to win the coveted Balon d’Or award for the best player in the world, but says his first ambition is to help his club win titles.
“The first thing is for Barca to win titles, and everything else will follow,” said Yamal in an interview with Spanish sports paper, Diario AS, adding the Balon d’Or was “something that usually comes with team titles.”
He said winning the “Champions League with Barca and the World Cup with Spain” were his “two biggest dreams.”
…..
Germany prepares for Nations League clash with Italy
The German national team gathered for a team dinner at an Italian restaurant before departing for Milan on Wednesday, setting the stage for the first leg of their UEFA Nations League quarterfinal against Italy.
Head coach Julian Nagelsmann made his first major squad decisions, naming Hoffenheim’s Oliver Baumann as the starting goalkeeper and selecting Tim Kleindienst as the primary striker. Kleindienst, who plays for Borussia Monchengladbach, has been in strong form this season, contributing 15 goals and six assists in 25 league games. Meanwhile, Barcelona goalkeeper Marc-Andre ter Stegen is expected to return from injury.
Nagelsmann spoke of his determination to rebound from Germany’s disappointing exit at Euro 2024, where a controversial handball decision played a role in their elimination against Spain.
…..
Lautaro Martinez ruled out of Argentina’s World Cup qualifiers
Inter Milan striker Lautaro Martinez has been ruled out of Argentina’s FIFA World Cup qualifiers against Uruguay and Brazil with a hamstring tear, the Argentine Football Association (AFA) said on Wednesday.
Martinez scored the second goal in Inter Milan’s 2-0 win at Atalanta in the Italian Serie A on Sunday before he was substituted in the 91st minute.
Lionel Scaloni’s men currently lead the 10-team South American zone qualifying standings with 25 points from 12 games, five points clear of second-placed Uruguay.
…..
International Series Macao golf tournament to tee off
The International Series Macao was set to bring world-class golfers back to the Macao Golf and Country Club Thursday through Sunday, organizers said in a press conference on Wednesday.
U.S. defending champion John Catlin noted he was looking forward to competing and trying to hoist the hardware again. “To have a chance on that back nine on Sunday, that’s my main focus,” he said.
Taichi Kho from Hong Kong, China, said that having so many local players this week and the major champions alongside motivated him.