China
တရုတ်နိုင်ငံက ပထမဆုံး မောင်းသူမဲ့ရဟတ်ယာဉ်ကို တရားဝင်အသိအမှတ်ပြု

ဆန်းကျန့်၊ မတ် ၂၂ ရက် (ဆင်ဟွာ)
TD550D coaxial မောင်းသူမဲ့ရဟတ်ယာဉ်စနစ်သည် တရုတ်နိုင်ငံ မြို့ပြလေကြောင်းစီမံခန့်ခွဲမှုဌာန (CAAC) ထံမှ ယင်းအမျိုးအစားရဟတ်ယာဉ် အသိအမှတ်ပြုလက်မှတ် ရရှိခဲ့ရာ တရုတ်နိုင်ငံတွင် အဆိုပါ အမျိုးအစားရဟတ်ယာဉ်စနစ်အတွက် ပထမဆုံးအသိအမှတ်ပြုလက်မှတ် ရရှိခြင်းလည်းဖြစ်ကြောင်း ၎င်းရဟတ်ယာဉ် ထုတ်လုပ်သူက မတ် ၂၁ ရက်၌ ပြောကြားခဲ့သည်။
ထိုအသိအမှတ်ပြုလက်မှတ်က မောင်းသူမဲ့ရဟတ်ယာဉ်စနစ်များအတွက် တရုတ်နိုင်ငံ၏ လေကြောင်းပျံသန်းခွင့် အသိအမှတ်ပြုရာတွင် လစ်ဟာမှုကို ဖြည့်ဆည်းလိုက်ခြင်းဖြစ်သလို အနာဂတ် မောင်းသူမဲ့ရဟတ်ယာဉ် အသိအမှတ်ပြုလက်မှတ်များအတွက် စံနှုန်းရည်ညွှန်းမှုလည်း ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ရဟတ်ယာဉ်ထုတ်လုပ်သူ United Aircraft ကုမ္ပဏီ၏ အမှုဆောင်အရာရှိ Tian Gangyin က ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် ဟွမ်ဆန်းမြို့တွင် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်း၌ ပါဝင်ဆောင်ရွက်နေသော TD550 coaxial မောင်းသူမဲ့ရဟတ်ယာဉ်ကို ၂၀၂၄ ခုနှစ် ဇွန်လက တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် ဝူဟူမြို့တွင် မီးငြှိမ်းသတ်ခြင်း သရုပ်ပြမှုတွင် ပါဝင်ဆောင်ရွက်နေသော TD550 coaxial မောင်းသူမဲ့ရဟတ်ယာဉ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလက တွေ့ရစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
China certifies first unmanned helicopter
SHENZHEN, March 21 (Xinhua) — The TD550D coaxial unmanned helicopter system has received its type certificate from the Civil Aviation Administration of China (CAAC), the first of its kind to have obtained such certification in China, its developer said on Friday.
Its certification fills a gap in China’s airworthiness certification for unmanned helicopter systems, setting a reference standard for future unmanned helicopter certifications, said Tian Gangyin, CEO of the helicopter’s developer United Aircraft.
Photo 1: This file photo taken in October 2022 shows a TD550 coaxial unmanned helicopter in a trial flight on the plateau in Hetian, northwest China’s Xinjiang Uygur Autonomous Region. (Xinhua)
Photo 2: This file photo taken in June 2024 shows a TD550 coaxial unmanned helicopter taking part in an emergency rescue in Huangshan, east China’s Anhui Province. (Xinhua)
Photo 3: This file photo taken in October 2023 shows a TD550 coaxial unmanned helicopter taking part in a firefighting demonstration in Wuhu, east China’s Anhui Province. (Xinhua)