Africa & Middle East
အကူလက်နက်ကိုင်တပ်များအပေါ် အရေးပါသည့် အောင်ပွဲအဖြစ် ဆူဒန်စစ်တပ်က သမ္မတအိမ်တော်ကို ပြန်လည်သိမ်းယူ

ခါတွမ်၊ မတ် ၂၃ ရက် (ဆင်ဟွာ)
လေးရက်ကြာ ဝိုင်းပတ်ပိတ်ဆို့ခဲ့ပြီးနောက် သမ္မတအိမ်တော်နှင့် ခါတွမ်မြို့လယ်ရှိ အရေးကြီး အစိုးရအဆောက်အဦများကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ဆူဒန်စစ်တပ်က မတ် ၂၁ ရက်၌ ပြောကြားခဲ့ရာ ၎င်း၏ပြိုင်ဘက်ဖြစ်သည့် အမြန်ထောက်ကူရေးတပ်ဖွဲ့ (RSF) အတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်လာခဲ့သည်။
ဆူဒန်စစ်တပ် (SAF) ပြောခွင့်ရသူ နာဘီလ် အက်ဘ်ဒါလာက တပ်ဖွဲ့ဝင်များအနေဖြင့် RSF တိုက်ခိုက်ရေးသမားများကို သမ္မတအိမ်တော်ဝင်း၊ အယ်လ်ဆွတ် အယ်လ်-အာရာဘီဈေးနှင့် ဝန်ကြီးဌာနအချို့မှ တိုက်ထုတ်နိုင်ခဲ့ပြီဟု ရုပ်သံမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
ယင်းသို့ ထိုးဖောက်ချီတက်မှုမှာ ၂၀၂၃ ခုနှစ် ဧပြီလတွင် တိုက်ပွဲများ စတင်ဖြစ်ပွားပြီးနောက် RSF က ထိန်းချုပ်ထားသော နယ်မြေများကို ပြန်လည်သိမ်းယူရန် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့သည့် ပိုမိုကျယ်ပြန့်သော ထိုးစစ်ဆင်မှု တစ်စိတ်တစ်ပိုင်းဖြစ်သည်။
သို့ရာတွင် RSF ဘက်က ၎င်းတို့ အရေးနိမ့်ခြင်းမရှိဟု ငြင်းဆန်ထားကာ ၎င်းတို့၏ တိုက်ခိုက်ရေးသမားများမှာ သမ္မတအိမ်တော်အနီးတွင် ဆက်လက်တပ်စွဲထားပြီး တန်ပြန်ထိုးစစ်ဆင်ရာတွင် SAF တပ်ဖွဲ့ဝင် ၈၉ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း အခိုင်အမာပြောဆိုထားသည်။ “တိုက်ပွဲမပြီးသေးပါဘူး။ ကျွန်တော်တို့ နေရာအားလုံးကို လွတ်မြောက်အောင်လုပ်သွားမှာပါ” ဟု RSF က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
SAF ခေါင်းဆောင်ဖြစ်သူနှင့် အသွင်ကူးပြောင်းရေး စစ်ဘက်ကောင်စီ ဥက္ကဋ္ဌဖြစ်သူ အက်ဘ်ဒယ် ဖာတာ အယ်လ်-ဘာဟန်က ထိုးစစ်အရှိန် ဆက်လက်မြှင့်တင်မည်ဟု ကတိပြုထားသည်။
“ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ ဖြည်းဖြည်းမှန်မှန် ချီစစ်ဆင်နေပါတယ်။ ကျွန်တော်တို့ နောက်ဆုတ်မှာမဟုတ်ပါဘူး” ဟု ဂယ်ဇီရာပြည်နယ်သို့ သွားရောက်စဉ်အတွင်း အယ်လ်-ဘာဟန်က ပြောကြားခဲ့သည်ဟု အုပ်ချုပ်ရေးကောင်စီက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)
………………………………………………………….
(English Version)
Sudanese army retakes presidential palace in key victory over paramilitary forces
KHARTOUM, March 22 (Xinhua) — Sudan’s military said on Friday it had taken control of the Republican Palace and key government buildings in central Khartoum following a four-day siege, dealing a heavy blow to the rival Rapid Support Forces (RSF).
Sudanese Armed Forces (SAF) spokesman Nabil Abdalla said in a televised address that troops had driven RSF fighters from the presidential complex, Al Souq Al-Arabi Market, and several ministries.
The advance is part of a broader offensive launched in September 2024 to reclaim territories held by the RSF since the outbreak of hostilities in April 2023.
However, the RSF denied the defeats, insisting its fighters remained near the palace and had killed 89 SAF personnel in a counteroffensive. “The battle is not over. We will liberate all positions,” the group said in a statement.
SAF leader and Transitional Military Council chairman Abdel Fattah Al-Burhan pledged to press on with the offensive.
“Our forces are advancing steadily, and we will not retreat,” he said during a visit to Gezira State, according to a sovereign council statement.
English Caption
Sudanese Armed Forces are seen at the presidential palace in Khartoum, Sudan, on March 21, 2025. (Photo by Ibrahim Awad/Xinhua)