Connect with us

မြန်မာ-ENG

ဆီးရီးယားအနေဖြင့် အားလုံးပါဝင်သော အသွင်ကူးပြောင်းမှုကို ဆက်လက်ဖော်ဆောင်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် တိုက်တွန်း

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ အရှေ့အလယ်ပိုင်းအရေးနှင့် စပ်လျဉ်းသည့် လုံခြုံရေးကောင်စီအဖွဲ့ဝင် ဝန်ကြီးများအဆင့် အစည်းအဝေး၌ အမှာစကားပြောကြားနေသည့် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးအား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ မတ် ၂၆ ရက် (ဆင်ဟွာ)
အားလုံးပါဝင်သော အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ဆက်လက်ဖော်ဆောင်ရေး၊ တိကျပြတ်သားသော အကြမ်းဖက်မှုတိုက်ဖျက်ရေး အစီအမံများ လုပ်ဆောင်ရေးအတွက် ဆီးရီးယား ယာယီအစိုးရအား ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်က မတ် ၂၅ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။
ကမ်းရိုးတန်းဒေသများတွင် အရပ်သားများကို မဆင်မခြင် သတ်ဖြတ်မှုများ ဖြစ်ပွားပြီးနောက် သီးခြားလွတ်လပ်သော တစ်လကြာ စုံစမ်းစစ်ဆေးမှု စတင်ကြောင်း ဆီးရီးယား ယာယီအစိုးရက ကြေညာခဲ့သည်။ ထိုကဲ့သို့ သတ်ဖြတ်မှုများက လူမဆန်မှု၊ ရက်စက်ကြမ်းကြုတ်မှုပင်ဖြစ်ပြီး လက်ခံနိုင်စရာမရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး၌ ပြောကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ အဲဒီအရေးကိစ္စနဲ့ ပတ်သက်တဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို အမြဲစောင့်ကြည့်နေသလို ဆီးရီးယား ယာယီအစိုးရအနေနဲ့ သူတို့ရဲ့ လုပ်ငန်းတာဝန်တွေကို ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုရှိတဲ့ပုံစံနဲ့ လုပ်ဆောင်သင့်ပါတယ်။ အဲဒါက ဆီးရီးယားရဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုအပေါ် အများယုံကြည်လက်ခံနိုင်မှုကို နိုင်ငံတကာ အသိုင်းအဝိုင်းက အကဲဖြတ်ရာမှာ အလွန်အရေးပါနေတယ်” ဟု ၎င်းက ဆိုသည်။
ဆီးရီးယားနိုင်ငံ အနောက်ပိုင်း လာတာကီယာနှင့် တာတက်စ် ပြည်နယ်တို့တွင် မတ် ၆ ရက်မှစ၍ အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သဖြင့် အရပ်သား ၁,၀၀၀ ကျော် အပါအဝင် လူ ၁,၅၀၀ နီးပါး သေဆုံးခဲ့သည်ဟု ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့၏ အဆိုအရ သိရသည်။ ထိုကဲ့သို့ အရပ်သားများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ရှုတ်ချခဲ့ပြီး ပြည်သူအားလုံးကို ကျောသားရင်သားမခွဲခြားဘဲ အကာအကွယ်ပေးရန် ဆီးရီးယားအစိုးရအား တိုက်တွန်းခဲ့သည်။
ထိုစဉ် ဖုက တရုတ်နိုင်ငံအနေဖြင့် နိုင်ငံရေးအသွင်ကူးပြောင်းမှုကို ဆက်လက်ဖော်ဆောင်မည့် မကြာသေးမီက စီမံဆောင်ရွက်ချက်များအပေါ် အထူးဂရုပြုလျက်ရှိကြောင်း ပြောကြားခဲ့ပြီး ဆီးရီးယားအစိုးရအနေဖြင့် ၎င်းတို့၏ ကတိကဝတ်များကို အလေးအနက် အကောင်အထည်ဖော်ကာ အမှန်တကယ် အလုံးစုံလွှမ်းခြုံပါဝင်မှုရှိရေးအတွက် ဆီးရီးယား၏ ကဏ္ဍအသီးသီးနှင့် ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံဆွေးနွေးမှု၊ ညှိနှိုင်းမှုများ လုပ်ဆောင်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။ (Xinhua)
……………….
(English Version)
Chinese envoy calls on Syria to advance inclusive transition, combat terrorism
UNITED NATIONS, March 25 (Xinhua) — A Chinese envoy on Tuesday called on the Syrian interim authorities to advance an inclusive transition process and take decisive measures to combat terrorism.
The Syrian interim authorities announced the launch of a one-month independent investigation following the indiscriminate killing of civilians in the coastal areas, “the inhumanity and brutality of which is outrageous,” Fu Cong, China’s permanent representative to the United Nations, said in remarks at a UN Security Council meeting.
“We are following the progress in this regard, and we hope that the Syrian interim authorities will carry out their work in a transparent and responsible manner, which is crucial to the international community’s assessment of the credibility of the political transition in the country,” he said.
Nearly 1,500 people, including more than 1,000 civilians, have been killed in the widespread violence in western Syria’s Latakia and Tartus provinces since March 6, according to the Syrian Observatory for Human Rights. The UN Security Council condemned the mass killings of civilians and urged the government to “protect all Syrians without distinction.”
Meanwhile, Fu said that China takes note of the recent measures to advance the political transition, calling for the government to “earnestly deliver on their commitments” and engage in broad dialogue and consultation with all sectors in the country to achieve genuine inclusiveness.
English Caption
Fu Cong, China’s permanent representative to the United Nations, speaks at the Security Council ministerial-level briefing on the Middle East at the UN headquarters in New York on Nov. 18, 2024. (Xinhua/Xie E)