Connect with us

Media

၂၀၂၅ ခုနှစ် ISTAF ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာအသင်း ရွှေ ၁ ဆု၊ ငွေ ၂ ဆုနှင့် ကြေး ၁ ဆု ရရှိ

ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

မြန်မာအသင်းသည် ၂၀၂၅ ခုနှစ် ISTAF ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေ ၁ ဆု၊ ငွေ ၂ ဆုနှင့် ကြေး ၁ ဆု ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ယနေ့ (မတ် ၂၅ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါပြိုင်ပွဲကို အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် မတ် ၂၀ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ် တစ်ဆု၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ငွေနှစ်ဆုနှင့် အမျိုးသားလေးယောက်ပြိုင်ပွဲတွင် ကြေးတစ်ဆုတို့ ရရှိခဲ့ကြောင်း အဆိုပါအဖွဲ့ချုပ် အမှုဆောင်အရာရှိ ဦးမင်းမင်းထိုက်က ဆင်ဟွာသို့ပြောသည်။

( ၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် အတွေ့အကြုံများနှင့် ကြိုတင်ပြင်ဆင်မှုများ ပံ့ပိုးပေးထားကြောင်း ၎င်းက ဆိုသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117