Connect with us

China

ငလျင်ဒဏ်သင့်မှုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်ထံ နှစ်သိမ့်ကြောင်းသဝဏ်လွှာပေးပို့

ပေကျင်း၊ မတ် ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြန်မာနိုင်ငံ ငလျင်ဒဏ်သင့်မှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံနှစ်သိမ့်ကြောင်း သဝဏ်လွှာကို မတ် ၂၉ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က ၎င်းအနေဖြင့် မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ပြီး လူအများအပြား သေဆုံး၍ အိုးအိမ်စည်းစိမ်များ ပျက်စီးကြောင်း ကြားသိရသည့်အတွက် ထိတ်လန့်မိပါကြောင်း၊ ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများကိုလည်း စိတ်ရင်းစေတနာမှန်ဖြင့် နှစ်သိမ့်ပါကြောင်း သဝဏ်လွှာ၌ ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသည် ၎င်း၏စွမ်းဆောင်စွမ်းရှိသည်နှင့်အမျှ မြန်မာနိုင်ငံကို အကူအညီများ ပေးအပ်ရန် အသင့်ရှိကြောင်းနှင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏နေရပ်ဌာနေများကို ဆောလျင်စွာ ပြန်လည်တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဝမ်က ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
…………………………
(English Version)
Chinese FM extends condolences to Myanmar’s deputy PM over earthquake
BEIJING, March 29 (Xinhua) — Chinese Foreign Minister Wang Yi on Saturday extended condolences to Myanmar’s Deputy Prime Minister and Union Minister for Foreign Affairs U Than Swe over a massive earthquake that hit the country.
In his message, Wang, also a member of the Political Bureau of the Communist Party of China Central Committee, said that he was shocked to learn of the strong earthquake in Myanmar, which caused heavy casualties and property losses, and he would like to express sincere condolences to the people in the disaster-hit areas.
China is ready to provide assistance to Myanmar within its capacity and believes that people in the quake-hit areas will rebuild their homes at an early date, Wang said. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.