Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် ၁,၆၄၄ ဦးအထိ မြင့်တက်လာ

မြန်မာနိုင်ငံ မန္တလေးမြို့တွင် ငလျင်လှုပ်ခတ်ပြီးနောက် ပျက်စီးနေသောအဆောက်အအုံကို ၂၀၂၅ ခုနှစ် မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၁,၆၄၄ ဦးနှင့် ဒဏ်ရာရသူ ၃,၄၀၈ ဦးအထိ ရှိလာပြီး လူ ၁၃၉ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က မတ် ၂၉ ရက် ညပိုင်း၌ သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က အင်အား ၇.၇ အဆင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နေပြည်တော် စသည်တို့မှာ ငလျင်ဒဏ်အဆိုးဝါးဆုံးခံစားခဲ့ရသည်။

မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငလျင်ဒဏ် ပြင်းထန်စွာခံစားခဲ့ရသောဒေသများကို ကြည့်ရှုစစ်ဆေးရန် မန္တလေးမြို့သို့ ရဟတ်ယာဉ်ဖြင့် မတ် ၂၉ ရက် နံနက်ပိုင်းက ရောက်ရှိလာခဲ့ကြောင်း MRTV အရ သိရသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတကာအကူအညီများကိုလည်း မတ် ၂၈ ရက်က ဖိတ်ခေါ်ထားကြောင်း သိရသည်။ (Xinhua)


……………………
(English Version)
Death toll rises to 1,644 following powerful earthquake in Myanmar

YANGON, March 29 (Xinhua) — A total of 1,644 people died, 3,408 were injured, and 139 remained missing in a powerful earthquake in Myanmar, according to the Information Team of the State Administration Council on Saturday night.

The 7.7-magnitude earthquake hit the southeast Asian country on Friday, with Mandalay, Bago, Magway, the northeastern Shan state, Sagaing, and Nay Pyi Taw among the hardest-hit regions.

Myanmar’s State Administration Council Chairman Senior General Min Aung Hlaing arrived in Mandalay by helicopter on Saturday morning to inspect the severely affected area, according to Myanmar Radio and Television. Min Aung Hlaing called for international assistance on Friday.

Photo: This photo taken on March 29, 2025 shows a damaged building after an earthquake in Mandalay, Myanmar. (Photo by Myo Kyaw Soe/Xinhua)