Sino-Myanmar
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးအဖွဲ့က မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်မြို့တွင် အသက်ရှင်သူနှစ်ဦးကို တွေ့ရှိထား

ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မြို့တော် နေပြည်တော်တွင် မတ် ၂၈ ရက်က အင်အား ၇.၇ မဂ္ဂနီကျုအဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် မတ် ၂၉ ရက်၌ တရုတ်နိုင်ငံ ယူနန်ကယ်ဆယ်ရေးဆေးအဖွဲ့က အသက်ရှင်ကျန်ကြောင်းအချက်ပြမှုများဖြင့် အသက်ရှင်သန်သူနှစ်ဦးကို တွေ့ရှိခဲ့ကြသည်။
တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် နေပြည်တော်သို့ မတ် ၂၉ ရက်၌ ရောက်ရှိလာခဲ့ကြပြီး အသက်ရှင်သူများကို ရှာဖွေရန် ဒေသခံမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ချက်ချင်း ချိတ်ဆက်လုပ်ဆောင်ခဲ့သည်။
ငလျင်ကြောင့် အထပ်သုံးထပ်ရှိသော ဆေးရုံတစ်ရုံမှာ ဆိုးဆိုးဝါးဝါးပျက်စီခဲ့ပြီး ပထမထပ်မှာမူ လုံးလုံးလျားလျား ပြိုကျပျက်စီးသွားခဲ့ရာ လူနာများမှာလည်း အပျက်အစီးများအောက် ပိတ်မိနေခဲ့ကြသည်။
ယူနန်ကယ်ဆယ်ရေးအဖွဲ့က အသက်ရှင်သန်သူများအား ရှာဖွေနိုင်စွမ်းရှိသည့်ကိရိယာအသုံးပြုလျက် ရှာဖွေခဲ့ကြရာ အသက်ရှင်ကျန်ကြောင်းအချက်ပြမှုများဖြင့် အသက်ရှင်ကျန်ရစ်သူ နှစ်ဦးကို တွေ့ရှိခဲ့ကြသည်။
ငလျင်လှုပ်ခတ်ချိန်က အလုပ်လုပ်ကိုင်ချိန်ဖြစ်သဖြင့် အရွယ်ရောက်သူအများစုမှာ နေအိမ်မှအဝေးသို့ ရောက်ရှိနေကြခြင်းကြောင့် ယင်းမြို့တွင် သေဆုံးသူများမှာ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များဖြစ်ကြကြောင်း ဒေသခံမီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ (Xinhua)
……………………………………..
(English Version)
Rescue team from China’s Yunnan detects 2 survivors in quake-hit Myanmar city
YANGON, March 30 (Xinhua) — Two survivors with vital signs were found by China’s Yunnan Rescue Medical Team in Nay Pyi Taw, the capital of Myanmar, on Saturday, following the 7.7-magnitude earthquake that struck the country on Friday.
The Chinese rescue team arrived in Nay Pyi Taw on Saturday and immediately joined forces with local Myanmar firefighters to search for survivors.
The quake caused severe damage to a three-story hospital, with the first floor completely collapsed, trapping patients beneath the rubble.
Using life detection equipment, the Yunnan rescue team located two survivors with vital signs.
According to a local fire department official, many of the casualties in the city were elderly and children, as the earthquake hit during working hours when most adults were away from home.
Photo: This screenshot taken on March 30 shows China’s Yunnan Rescue Medical Team found survivors in a damaged hospital. (Wang Hao from Yunnan Media Group via Xinhua)