Environment, Disasters & Accidents
မြန်မာနိုင်ငံတွင် ပျက်စီးမှုများပြားသောငလျင် လှုပ်ခတ်ပြီးနောက် ဒေသတွင်း အကူအညီများ စုစည်းရောက်ရှိလာ

ဟောင်ကောင်/ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လျက်ရှိသဖြင့် တရုတ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများက အရေးကြီးသောအကူအညီများကို လျင်မြန်စွာစုစည်း၍ ငလျင်ဒဏ်ဆိုးဝါးစွာခံစားခဲ့ရသော ဒေသများသို့ ကယ်ဆယ်ရေးအဖွဲ့များ ဖြန့်ကြက်စေလွှတ်ခဲ့သည်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှ အဖွဲ့ဝင် ၃၇ ဦး ပါဝင်သော ပထမဆုံး တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် အသက်ရှင်သန်သူများရှာဖွေရေးကိရိယာများ၊ ငလျင်ကြိုတင်သတိပေးစနစ်များနှင့် ဒရုန်းများ သယ်ဆောင်လျက် မတ် ၂၉ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့သည်။ မြို့တော် နေပြည်တော်တွင် မတ် ၃၀ ရက် အစောပိုင်းက ၎င်းတို့ကယ်ဆယ်ရေးလုပ်ဆောင်စဉ်အတွင်း သက်ကြီးရွယ်အို အမျိုးသားတစ်ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အဖွဲ့ဝင် ၈၂ ဦး ပါဝင်သော နောက်ထပ် တရုတ်ကယ်ဆယ်ရေးအဖွဲ့သည်လည်း ကယ်ဆယ်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံရှိအဖွဲ့များနှင့်အတူ ကူညီဆောင်ရွက်ရန် မတ် ၂၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။
တရုတ်ကြက်ခြေနီအသင်းကလည်း မြန်မာနိုင်ငံကို အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးပို့ခဲ့သည်။ ယာယီတဲ ၃၀၀၊ ခြုံစောင် ၂,၀၀၀၊ ခေါက်ကုတင် ၆၀၀ နှင့် ငလျင်ဒဏ်သင့် အိမ်ထောင်စု ၂,၀၀၀ အတွက် ကယ်ဆယ်ရေးပစ္စည်းအစုံ အပါအဝင် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှတစ်ဆင့် ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/2mK

မြန်မာနိုင်ငံ မန္တလေးမြို့တွင် ငလျင်လှုပ်ခတ်ပြီးနောက် ပျက်စီးနေသောအဆောက်အအုံကို ၂၀၂၅ ခုနှစ် မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့၊ ကူမင်း ချန်ရွှေအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများကို ၂၀၂၅ ခုနှစ် မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
Regional aid mobilized following devastating quake in Myanmar
HONG KONG/YANGON, March 30 (Xinhua) — As Myanmar’s earthquake death toll mounts, China and neighboring countries have swiftly mobilized critical aid and dispatched rescue teams to the worst-hit areas.
China’s first 37-member rescue team from southwest Yunnan Province arrived at Yangon International Airport on Saturday morning, bringing life detectors, earthquake early warning systems and drones. During their rescue operation, an elderly man was pulled out alive early Sunday in the capital Nay Pyi Taw.
Another 82-strong Chinese rescue team also arrived in Yangon on Saturday afternoon to assist their Myanmar counterparts in carrying out relief works.
The Red Cross Society of China has sent emergency humanitarian aid to Myanmar. Emergency relief supplies, to be distributed through the Myanmar Red Cross Society, include 300 tents, 2,000 blankets, 600 folding beds and relief kits for 2,000 affected households. xhtxs.cn/2mK
Photo 1: This video screenshot taken on March 30, 2025 shows rescue operations underway in Nay Pyi Taw, Myanmar. (Wang Hao/Yunnan Media Group/Handout via Xinhua)
Photo 2: This photo taken on March 29, 2025 shows a damaged building after an earthquake in Mandalay, Myanmar. (Photo by Myo Kyaw Soe/Xinhua)
Photo 3: This photo shows emergency relief supplies at Kunming Changshui international airport in Kunming, southwest China’s Yunnan Province, March 29, 2025. (Photo by Ye Qinru/Xinhua)