Connect with us

Sino-Myanmar

တရုတ်နိုင်ငံက ခေတ်ဟောင်းမြန်မာ့ရုပ်ရှင် “သူချစ်” ကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြန်လည်ပြုပြင်ထိန်းသိမ်း

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ၂၀၂၅ ခုနှစ် မတ် ၁ ရက်က ကျင်းပသော တရုတ်နိုင်ငံက ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြန်လည်ပြုပြင်ထိန်းသိမ်းထားသော ခေတ်ဟောင်းမြန်မာ့ရုပ်ရှင် “သူချစ်” ကို လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ တက်‌ရောက်လာသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ခေတ်ဟောင်းမြန်မာ့ရုပ်ရှင် “သူချစ်” ကို ဒစ်ဂျစ်တယ်စနစ်ဖြင့်ပြန်လည်ပြုပြင်ထိန်းသိမ်းထားပြီး မတ် ၁ ရက်က မြန်မာနိုင်ငံထံ တရားဝင်ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ ရုပ်ရှင် ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းနှင့် ပြန်လည်ပြသခြင်း အခမ်းအနားကို ရန်ကုန်မြို့တွင် မတ် ၁ ရက်က ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံ တရုတ်သံရုံး၏ မတ် ၂ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ယင်းအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် နှစ်နိုင်ငံ ရုပ်ရှင်နှင့် မီဒီယာအသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များ အပါဝင် လူဦးရေ ၁၆၀ ခန့် တက်ရောက်ခဲ့ကြသည်။
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ကူးလူးဖလှယ်ရေးများ နီးကပ်စွာရှိကြောင်း၊ “သူချစ်” ရုပ်ရှင်ကို ၁၉၅၀ ပြည့်လွန်နှစ်များအတွင်းက တရုတ်နိုင်ငံတွင်ပြသခဲ့ပြီး တရုတ်နိုင်ငံ၌ ကျင်းပသည့် အာရှရုပ်ရှင်သီတင်းပတ်အခမ်းအနားတွင် ပါဝင်ခဲ့ကြောင်း၊ ထိုရုပ်ရှင်ကို တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ်ပြည့်အား ဂုဏ်ပြုရန်ပြန်လည်ပြသခြင်းဖြစ်ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ၏ ရှည်ကြာသော်လည်း သစ်လွင်နေဆဲ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ထင်ဟပ်ပေါ်လွင်စေကြောင်း သံမှူးကြီး Dr. Zheng Zhihong က အဆိုပါ အခမ်းအနားမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ရုပ်ရှင်နှင့်မီဒီယာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်မြှင့်တင်ပြီး နှစ်နိုင်ငံပြည်သူများ၏ စိတ်နှလုံးချင်းထိဆက်မှုကိုလည်း တိုးမြှင့်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ရုပ်ရှင်ကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ကူညီပြုပြင်ပေးသည့်အတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အစဉ်အလာ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို အဆက်မပြတ် နက်ရှိုင်းစေရန် အတူတကွဖော်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် မတ်လ ၁ ရက်က ကျင်းပခဲ့သည့် တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၅) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ခေတ်ဟောင်းမြန်မာ့ရုပ်ရှင် “သူချစ်” ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြန်လည်ပြုပြင်ထိန်းသိမ်းထားသောဗားရှင်း လွှဲပြောင်းပေးအပ်ခြင်းနှင့် ပြန်လည်ပြသခြင်း အခမ်းအနားမြင်ကွင်းများ (ဆင်ဟွာ)

……………………….
(English Version)
China digitally restores Myanmar classic film
YANGON, March 3 (Xinhua) — China digitally restored the classic Myanmar film Thu Chit (Her Love) and officially handed it over to Myanmar on Saturday.
A ceremony for the handover and premiere of the film was held in Yangon on Saturday, according to a statement released by the Chinese Embassy in Myanmar on Sunday.
The event was attended by around 160 people, including Minister Counselor of the Chinese Embassy in Myanmar Zheng Zhihong, Myanmar’s Union Minister for Information U Maung Maung Ohn, and representatives from the film and media industries of both countries, the statement said.
In his speech, Zheng said that China and Myanmar have close film and television exchanges. Thu Chit was screened in China in the 1950s and participated in the Asian Film Week held in China. It is re-screened to celebrate the 75th anniversary of the establishment of diplomatic relations between China and Myanmar, reflecting the long-lasting fraternal friendship between the two countries.
China will continue to strengthen cooperation with Myanmar in the fields of film, television and media to promote the mutual understanding between the two peoples, he said.
U Maung Maung Ohn thanked China for the digital restoration of the film, saying that Myanmar is willing to continue deepening the traditional friendship with China, it said.
Photo 1: Participants attend the handover ceremony of a Myanmar classic film digitally restored by China in Yangon, Myanmar, March 1, 2025. (Photo by Myo Kyaw Soe/Xinhua)