North America
စည်းကြပ်ခွန်နှင့် ပတ်သက်၍ မရေရာမှုများကြား ကုန်ဈေးနှုန်း သိသိသာသာ မြင့်တက်နိုင်သည်ဟု အမေရိကန် လက်လီကုမ္ပဏီကြီး သတိပေး

လော့စ်အိန်ဂျလိစ်၊ မတ် ၅ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့မှ သွင်းကုန်များအပေါ် ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်မှုမှာ မတ် ၄ ရက်၌ စတင်အသက်ဝင်လာပြီးနောက် ကုန်ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာနိုင်သည်ဟု အမေရိကန်နိုင်ငံ၏ အကြီးဆုံး လက်လီကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Target Corporation က သတိပေးပြောဆိုခဲ့သည်။
မက္ကဆီကို သွင်းကုန်များအပေါ် ထရမ့်၏ အခွန်စည်းကြပ်မှုကြောင့် ဈေးဝယ်သူများအဖို့ လာမည့်ရက်ပိုင်းအတွင်း ကုန်ဈေးနှုန်း မြင့်တက်မှုနှင့် ကြုံတွေ့ရဖွယ်ရှိကြောင်း Target ကုမ္ပဏီ၏ အမှုဆောင်ချုပ်ဖြစ်သူ ဘရိုင်ယန် ကော်နယ်လ်က CNBC ရုပ်သံနှင့် အင်တာဗျူး၌ ပြောကြားခဲ့သည်။
Target ကုမ္ပဏီမှာ ဆောင်းရာသီကာလအတွင်း မက္ကဆီကို ထွက်ကုန်များအပေါ် အကြီးအကျယ် မှီခိုနေရသဖြင့် အဆိုပါ စည်းကြပ်ခွန်များကြောင့် ကုမ္ပဏီအနေဖြင့် သစ်သီးနှင့် အသီးအရွက်ဈေးနှုန်းများကို အစောဆုံးအနေဖြင့် ယခုသီတင်းပတ်ထဲတွင် တိုးမြှင့်ရဖွယ်ရှိကြောင်း အင်တာဗျူး၌ ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
Target ကုမ္ပဏီက စတုတ္ထသုံးလပတ်နှင့် ၂၀၂၄ တစ်နှစ်တာ ဘဏ္ဍာရေးရှင်းတမ်းတို့ကို မတ် ၄ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။ ကုမ္ပဏီ၏ စုစုပေါင်းရောင်းအားမှာ စတုတ္ထသုံးလပတ်တွင် ၁.၅ ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု ၎င်းကုမ္ပဏီက ပြောကြားခဲ့ရာ ယင်းသည် စတိုးဆိုင်ရောင်းအား ၀.၅ ရာခိုင်နှုန်း ကျဆင်းကာ ဒစ်ဂျစ်တယ် ပလက်ဖောင်း၌ ရောင်းအား ၈.၇ ရာခိုင်နှုန်း တိုးတက်လာြခင်းကို ထင်ဟပ်ဖော်ပြလျက်ရှိသည်။ (Xinhua)
……………………………………………………………………..
(English Version)
Major U.S. retailer warns of price hikes amid tariff uncertainty
LOS ANGELES, March 4 (Xinhua) — Target Corporation, one of the largest retailers in the United States, warned of price hikes on produce after U.S. President Donald Trump’s 25 percent tariffs on imports from Mexico and Canada took effect on Tuesday.
Brian Cornell, the chief executive officer of Target, told CNBC in an interview on Tuesday that shoppers will likely see produce prices increase in the coming days due to Trump’s tariffs on Mexican imports.
He noted in the interview that Target relies heavily on Mexican produce during the winter months, and the tariffs could force the company to raise prices on fruits and vegetables as soon as this week.
Target announced its fourth-quarter and full-year 2024 results on Tuesday. The company said its total comparable sales increased 1.5 percent in the fourth quarter, reflecting a comparable store sales decline of 0.5 percent and a comparable digital sales increase of 8.7 percent.
English Caption
A customer shops at a Target store in Rosemead, Los Angeles County, California, the United States, on March 4, 2025. (Photo by Zeng Hui/Xinhua)