Connect with us

China

နိုင်ငံစုံပါဝင်သော ကုန်သွယ်ရေးစနစ်ကို ထိန်းသိမ်းရေးအတွက် အတူတကွကြိုးပမ်းမည်ဟု တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ ကတိပြု

ဆဋ္ဌမအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ၌ ခင်းကျင်းပြသမည့် ကုန်ပစ္စည်းများကို သယ်ဆောင်လျက် ဂျာမနီနိုင်ငံ ဒု(စ်)ဘာ့ဂ်မြို့မှ ထွက်ခွာလာသော တရုတ်-ဥရောပ ကုန်တင်ရထားတစ်စင်း တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့သို့ ဆိုက်ရောက်လာပုံကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (အီးယူ) တို့အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို ဗဟိုပြု၍ နိုင်ငံစုံပါဝင်သော ကုန်သွယ်ရေးစနစ်ကို အတူတကွ ထိန်းသိမ်းရန် ကတိပြုခဲ့ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၀ ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝမ်ဝန်ထောင်းနှင့် ဥရောပကုန်သွယ်စီးပွား လုံခြုံရေးဆိုင်ရာ ကော်မရှင်နာ မားရို့စ် ဆက်ဖ်ကိုဗစ်တို့ ဧပြီ ၈ ရက်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် ဆွေးနွေးခဲ့ပြီးနောက် ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်ကာ ယင်းဆွေးနွေးမှုအတွင်း တရုတ်-အီးယူ ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ “အပြန်အလှန် စည်းကြပ်ခွန်များ” ဟုဆိုသော အမေရိကန်၏ စည်းကြပ်ခွန် သတ်မှတ်မှုများအပေါ် တုံ့ပြန်ရေး အပါအဝင် ကိစ္စရပ်အများအပြားကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)


…………………….
(English Version)
China, EU vow joint efforts to uphold multilateral trading system
BEIJING, April 10 (Xinhua) — China and the European Union vowed to jointly uphold the multilateral trading system with the WTO at its core, China’s commerce ministry said in a statement released Thursday.
The statement came after China’s Commerce Minister Wang Wentao and European Commissioner for Trade and Economic Security Maros Sefcovic held a talk via video on Tuesday, during which they discussed various issues, including enhancing China-EU economic and trade cooperation and responses to the U.S. imposition of so-called “reciprocal tariffs.”
English Caption
A China-Europe freight train, which set out from Duisburg, Germany, carrying exhibits for the 6th China International Import Expo (CIIE) arrives in Shanghai, east China, Oct. 11, 2023. (Xinhua/Ding Ting)