China
တရုတ်နိုင်ငံ ဝန်ကြီးချုပ်က စီးပွားရေးပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြုလုပ်သော ဆွေးနွေးပွဲ၌ သဘာပတိအဖြစ်ဆောင်ရွက်

ပေကျင်း၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က စီးပွားရေးပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဧပြီ ၉ ရက်က ပြုလုပ်ခဲ့သည့် သီးသန့်ဆွေးနွေးပွဲတစ်ရပ်အား သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး လတ်တလော စီးပွားရေးအခြေအနေ၊ အနာဂတ် စီးပွားရေးလုပ်ငန်းစဉ်တို့နှင့် စပ်လျဉ်းသည့် အကြံဉာဏ်များ၊ အကြံပြုချက်များကို နားထောင်ပေးခဲ့ကြောင်း သိရသည်။
ပြင်ပရပ်ဝန်း အပြောင်းအလဲများက အခက်အခဲများကို ဖြစ်ပေါ်စေသော်လည်း တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ခိုင်မာသော ကြံ့ကြံ့ခံနိုင်မှု၊ အလွန်ကြီးမားသော အလားအလာများနှင့် ခွန်အားများစွာတို့ကို ထိန်းထားနိုင်ဆဲဖြစ်ကြောင်း အစည်းအဝေး တက်ရောက်လာသူများက ပြောကြားခဲ့သည်။ ထို့ပြင် ယင်းအစည်းအဝေး၌ စီးပွားရေးပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များက ပြင်ပစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေး၊ စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးမှုကို မြှင့်တင်ရေးအတွက် အကြံပြုချက်များ အဆိုပြုခဲ့ကြောင်း သိရသည်။
ယခုနှစ်၏ အတော်အတန်ထူးခြားသော အခြေအနေအောက်တွင် တရုတ်နိုင်ငံအနေဖြင့် စွန့်စားမှု၊ စိန်ခေါ်မှုအသီးသီးကို တည်တည်ငြိမ်ငြိမ်၊ ခိုင်ခိုင်မာမာဖြင့် တုံ့ပြန်ခဲ့ပြီး ပထမသုံးလပတ်ကာလ၌ စဉ်ဆက်မပြတ် စီးပွားရေးနာလန်ထူမှုနှင့် စီးပွားရေးတိုးတက်မှုတို့ကို ထိန်းထားနိုင်ခဲ့ကြောင်း လီက ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် ပြင်ပမှ ဂယက်ရိုက်မှုများက စီးပွားရေး လွယ်ကူချောမွေ့စွာ လည်ပတ်မှုအပေါ် ဖိအားများ သက်ရောက်စေကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မရေရာမှုမှန်သမျှကို ကိုင်တွယ်ဖြေရှင်းရန် ကောင်းစွာပြင်ဆင်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
…………………………
(English Version)
Chinese premier chairs meeting with economic experts, entrepreneurs
BEIJING, April 9 (Xinhua) — Chinese Premier Li Qiang on Wednesday presided over a symposium with economic experts and entrepreneurs to listen to opinions and suggestions on the current economic situation and upcoming economic work.
Although changes in the external environment have brought difficulties, the Chinese economy still retains multiple strengths, strong resilience, and immense potential, according to attendees of the meeting. They also put forward suggestions on coping with external challenges and promoting sustained economic growth during the meeting.
Li noted that under this year’s relatively special situation, the country calmly and steadfastly responded to various risks and challenges, and maintained sustained economic recovery and growth in the first quarter. At the same time, external shocks exerted pressure on the smooth operation of the economy, he said, adding that China is well prepared to address all uncertainties.
English Caption
Chinese Premier Li Qiang, also a member of the Standing Committee of the Political Bureau of the Communist Party of China Central Committee, presides over a symposium with economic experts and entrepreneurs to listen to opinions and suggestions on the current economic situation and upcoming economic work on April 9, 2025. (Xinhua/Wang Ye)