Africa & Middle East
၁၈ လကြာ ရပ်နားထားပြီးနောက် ပေကျင်း-တဲလ်အဗစ် လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲ

ဂျေရုဆလမ်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)
ပေကျင်းမြို့နှင့် တဲလ်အဗစ်မြို့ကြား ဧပြီ ၁၀ ရက်က တိုက်ရိုက်လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲခဲ့ရာ ဟိုင်နန်လေကြောင်းလိုင်း လေယာဉ်က အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့အနီး ဘန်ဂူရီယွန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယင်းနံနက်အစောပိုင်းက အောင်မြင်စွာ ဆိုက်ရောက်ခဲ့ပြီး ၁၈ လကြာ ရပ်နားထားမှုကို အဆုံးသတ်ခဲ့သည်။
ပြန်လည်ပြေးဆွဲလိုက်သော ပေကျင်း-တဲလ်အဗစ်ခရီးစဉ်သည် ရက်သတ္တပတ်တစ်ပတ်လျှင် တနင်္လာနေ့နှင့် ကြာသပတေးနေ့များတွင် အသွားအပြန်ခရီးစဉ်နှစ်ကြောင်း ပြေးဆွဲမည်ဖြစ်ပြီး ပျံသန်းချိန်မှာ ၉ နာရီခန့်ရှိကြောင်း ဟိုင်နန်လေကြောင်းလိုင်း ဥက္ကဋ္ဌ ယွီချောင်းကျယ်က ပြောကြားခဲ့သည်။
အဆိုပါ တရုတ်လေကြောင်းလိုင်းသည် လက်ရှိတွင် တဲလ်အဗစ်မြို့နှင့် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ အဓိကမြို့ကြီးဖြစ်သော ဆန်းကျန့်မြို့ ချိတ်ဆက်လမ်းကြောင်းကိုလည်း ပြေးဆွဲနေခြင်းဖြစ်သည်။
ပေကျင်း-တဲလ်အဗစ်လေကြောင်းခရီးစဉ်ကို ၂၀၁၆ ခုနှစ် ဧပြီလတွင် ပထမဆုံးစတင်ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး ဟိုင်နန်လေကြောင်းလိုင်းအနေဖြင့် အစ္စရေးနိုင်ငံသို့ တိုက်ရိုက်ပျံသန်းပြေးဆွဲသည့် တရုတ်နိုင်ငံရှိ ပထမဆုံး လေကြောင်းလိုင်းလည်းဖြစ်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အစ္စရေး-ဟားမက်စ် ပဋိပက္ခဖြစ်ပွားပြီးနောက် ပေကျင်းနှင့် ရှန်ဟိုင်းမှ အစ္စရေးသို့ တိုက်ရိုက်လေကြောင်းခရီးစဉ်များကို ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။ (Xinhua)
……………………………………..
(English Version)
Direct Beijing-Tel Aviv flights resume after 18-month hiatus
JERUSALEM, April 10 (Xinhua) — Direct flights between Beijing and Tel Aviv resumed on Thursday, as a Hainan Airlines aircraft successfully landed at Ben-Gurion International Airport near Tel Aviv early in the morning, marking the end of an 18-month hiatus.
According to Yu Chaojie, president of Hainan Airlines, the resumed Beijing-Tel Aviv route will operate two round-trip flights per week, on Mondays and Thursdays, with a flight time of approximately nine hours.
The Chinese carrier currently also operates a route connecting Tel Aviv with Shenzhen, a major metropolis in southeastern China.
The Beijing-Tel Aviv route was first launched in April 2016, making the airline the first in China to operate direct flights to Israel. Following the outbreak of the Israel-Hamas conflict in October 2023, direct flights from Beijing and Shanghai to Israel were suspended.
Photo 1: A Hainan Airlines aircraft, the first resumed direct flight between Beijing and Tel Aviv, arrives at Ben-Gurion International Airport near Tel Aviv, Israel, on April 10, 2025. (Xinhua/Chen Junqing)