Connect with us

China

စည်းကြပ်ခွန်စစ်ပွဲတွင် အနိုင်ရသူမရှိဟု သမ္မတ ရှီပြော

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် စပိန်နိုင်ငံ ဝန်ကြီးချုပ် ပီဒရိုဆန်းချက်စ်တို့ တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ တျောက်ယွီထိုင်နိုင်ငံတော်ဧည့်ဂေဟာတွင် ၂၀၂၅ ခုနှစ် ဧပြီ ၁၁ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)
စည်းကြပ်ခွန်စစ်ပွဲတွင် အနိုင်ရသူဟူ၍မရှိကြောင်း၊ ကမ္ဘာကြီးအား ဆန့်ကျင်ဘက်ပြုသူသည် ကိုယ်တိုင်အထီးကျန်မှု ရလဒ်ကိုသာရရှိမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စပိန်နိုင်ငံ ဝန်ကြီးချုပ် ပီဒရိုဆန်းချက်စ်နှင့် ပေကျင်းမြို့တွင် ဧပြီ ၁၁ ရက်၌ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်း တရုတ်နိုင်ငံသည် အခြားသူများ၏ သနားကရုဏာသက်မှုများအပေါ် မည်သည့်အခါမျှ မှီခိုခြင်းမပြုဘဲ မိမိကိုယ်တိုင်ကြိုးပမ်းအားထုတ်ကာ ခက်ခက်ခဲခဲရုန်းကန်ကြိုးစားခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိခဲ့ခြင်းဖြစ်ပြီး ယုတ္တိမတန်သော မည်သည့်ဖိနှိပ်မှုမျိုးကိုမဆို ကြောက်ရွံ့နေမည်မဟုတ်ကြောင်း သမ္မတ ရှီက ပြောခဲ့သည်။
ပြင်ပကမ္ဘာကြီး မည်သို့ပင်ပြောင်းလဲနေစေကာမူ တရုတ်နိုင်ငံက ယုံကြည်မှုဆက်လက်တည်ရှိနေမည် ဖြစ်ပြီး မိမိတို့၏ကိုယ်ပိုင်အရေးကိစ္စများကိုသာ ကောင်းစွာအာရုံစိုက် လုပ်ဆောင်မည်ဖြစ်ကြောင်း ရှီက ဖြည့်စွက်ပြောခဲ့သည်။
တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) တို့သည် ကမ္ဘာပေါ်တွင် အဓိက စီးပွားရေးအင်အားများဖြစ်သလို စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းနှင့် လွတ်လပ်သောကုန်သွယ်ရေးကို အခိုင်အမာထောက်ခံပံ့ပိုးသူများဖြစ်ကြကြောင်း၊ နှစ်ဘက်အနေဖြင့် ၎င်းတို့၏ စုပေါင်းစီးပွားရေး ထုတ်လုပ်မှုပမာဏက ကမ္ဘာ့စုစုပေါင်း၏ သုံးပုံတစ်ပုံထက်ကျော်လွန်နေသည်နှင့်အညီ စီးပွားရေးမိတ်ဖက်ဆက်ဆံရေး၏ နီးကပ်သောဆက်ဆံရေးပုံစံကို ပုံဖော်လျက်ရှိကြောင်း သမ္မတ ရှီက မှတ်ချက်ပြုခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံနှင့် အီးယူတို့သည် အသီးသီး နိုင်ငံတကာတာဝန်ဝတ္တရားများကို ဖြည့်ဆည်းဆောင်ရွက်ကြရန်၊ စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းနှင့် နိုင်ငံတကာကုန်သွယ်မှုဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရေး အတူတကွလုပ်ဆောင်ရန်နှင့် တစ်ဖက်သတ်ဝါဒ အနိုင်ကျင့်ဗိုလ်ကျမှုကို ပူးတွဲဆန့်ကျင်ရန် ရှီက ပြောကြားခဲ့သည်။
ယင်းမှာ တရုတ်နိုင်ငံနှင့် အီးယူ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ထိန်းသိမ်းစောင့်ရှောက်သည်သာမက နိုင်ငံတကာစည်းမျဉ်းများနှင့် စည်းစနစ်ကို ထိန်းသိမ်းစောင့်ရှောက်စဉ်တစ်ချိန်တည်းတွင်ပင် နိုင်ငံတကာအသိုက်အဝန်းအတွင်း တရားမျှတမှုကို ထိန်းသိမ်းရာလည်းရောက်ကြောင်း ရှီက ဆိုသည်။
စပိန်နိုင်ငံ ဝန်ကြီးချုပ် ဆန်းချက်စ်က တရုတ်နိုင်ငံသည် အီးယူ၏ အရေးကြီးသော မိတ်ဖက်ဖြစ်သလို စပိန်နိုင်ငံအနေဖြင့် အီးယူ-တရုတ် ဆက်ဆံရေး တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်မှုကို အစဉ်အမြဲ အားပေးထောက်ခံလျက်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………………………….
(English Version)
Xi says there is no winner in a tariff war
BEIJING, April 11 (Xinhua) — There is no winner in a tariff war, and going against the world will only result in self-isolation, Chinese President Xi Jinping said when meeting with Spanish Prime Minister Pedro Sanchez in Beijing on Friday.
Xi said over the past 70 years and more, China has achieved development through self-reliance and arduous struggle, never relying on others’ mercies, still less fearing any unreasonable suppression.
He added that no matter how the external world changes, China will remain confident and focused on running its own affairs well.
Noting that both China and the European Union (EU) are major economies in the world and firm supporters of economic globalization and free trade, Xi said the two sides have formed a close relationship of economic symbiosis with their combined economic output exceeding one-third of the world’s total.
He called on China and the EU to fulfill their international responsibilities, work together to safeguard economic globalization and the international trading environment, and jointly resist unilateral bullying.
This not only safeguards the legitimate rights and interests of China and the EU, but also serves to maintain fairness and justice within the international community while upholding international rules and order, Xi said.
Sanchez said China is an important partner of the EU, and Spain has always supported the stable development of EU-China relations.
Photo: Chinese President Xi Jinping meets with Spanish Prime Minister Pedro Sanchez at the Diaoyutai State Guesthouse in Beijing, capital of China, April 11, 2025. (Xinhua/Rao Aimin)