Connect with us

China

မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်ပြီးနောက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိမြို့နှင့် ရန်ကုန်မြို့ကြား တိုက်ရိုက်ယာယီလေကြောင်းခရီးစဉ်များ ချိတ်ဆက်ပြေးဆွဲမည်

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသော၊ တရုတ်နိုင်ငံ အစိုးရမှ ပေးပို့သည့် သဘာဝဘေးကယ်ဆယ်ရေးပစ္စည်း ပထမအသုတ်ကို သယ်ယူပို့ဆောင်ရန် ဝန်ထမ်းများက ပြင်ဆင်နေပုံကို ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က ငလျင်လှုပ်ခတ်ပြီးနောက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မန်စီမြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ကြား တိုက်ရိုက်လေကြောင်းခရီး ဝန်ဆောင်မှုပေးနိုင်ရန် “မန်စီ-မန္တလေး-ရန်ကုန်” အသွားအပြန်ခရီးစဉ်လမ်းကြောင်းကို ယာယီချိန်ညှိဆောင်ရွက်လျက်ရှိကြောင်း တက်ဟုန်း မန်စီ လေဆိပ်ထံမှ သိရသည်။
အင်အား ၇.၉ မဂ္ဂနီကျုရှိသော ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် ပိတ်ထားခဲ့ရပြီးနောက် အဆိုပါ တိုက်ရိုက်ယာယီလေကြောင်းခရီးစဉ်များကို ဧပြီ ၁ ရက်မှ မေ ၈ ရက်အထိ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာနှင့် စနေ စသည့်နေ့များတွင် သီတင်းပတ်တစ်ပတ်လျှင် ငါးကြိမ်ပြေးဆွဲမည်ဖြစ်သည်။
တက်ဟုန်း မန်စီ လေဆိပ်အနေဖြင့် မြန်မာနိုင်ငံ၏ လေကြောင်းသယ်ယူပို့ဆောင်ရေး ပြန်လည်နာလန်ထူမှုကို ဆက်လက်စောင့်ကြည့်မည်ဖြစ်ကြောင်းနှင့် အမှန်တကယ်လိုအပ်ချက်များပေါ် အခြေခံ၍ လေကြောင်းခရီးစဉ်စီစဉ်မှုများကို ချိန်ညှိရန် မြန်မာအမျိုးသားလေကြောင်း (Myanmar National Airlines) နှင့် အနီးကပ်ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Temporary direct flights link China’s Yunnan city to Yangon following Myanmar earthquake
KUNMING, April 1 (Xinhua) — The “Mangshi-Mandalay-Yangon” round-trip route has been temporarily adjusted to a direct flight service between the city of Mangshi, southwest China’s Yunnan Province, and Myanmar’s Yangon, following the Myanmar earthquake on Friday, according to Dehong Mangshi Airport.
The temporary direct flights will operate five times a week on Mondays, Tuesdays, Thursdays, Fridays, and Saturdays from April 1 to May 8, following the closure of Mandalay International Airport due to the 7.9-magnitude earthquake.
Dehong Mangshi Airport will continue to monitor the recovery of Myanmar’s aviation transportation and maintain close coordination with Myanmar National Airlines to adjust flight arrangements based on actual needs.
Photo: Staff members prepare to transport the first batch of disaster-relief material offered by the Chinese government at the Yangon International Airport in Yangon, Myanmar, March 31, 2025. (Photo by Haymhan Aung/Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.