Connect with us

China

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ် တည်ထောင်မှု ၇၆ နှစ် ပြည့်မြောက်ခဲ့ကာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ်သည့် ကမ္ဘာ့အဆင့်မီ ရေတပ်ဖြစ်လာရန် ဆက်လက်ချီတက်လျက်ရှိ

ကမ်းဝေးပင်လယ်ပြင်၌ လက်တွေ့တိုက်ပွဲအနေအထား ပုံမှန်စုဖွဲ့လေ့ကျင့်မှု ပြုလုပ်နေသော တရုတ်နိုင်ငံ၏ လေယာဉ်တင်သင်္ဘောကြီး လျောင်နင်အား ၂၀၂၄ ခုနှစ် အောက်တိုဘာ နှောင်းပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ် တည်ထောင်မှု ၇၆ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို ဧပြီ ၂၃ ရက်က ကျင်းပခဲ့ကာ အမျိုးသားလုံခြုံရေးကိုသာမက ကမ္ဘာ့ငြိမ်းချမ်းရေးကိုလည်း ထိန်းသိမ်းကာကွယ်ရန် အခိုင်အမာ စိတ်ပိုင်းဖြတ်ထားသော ကမ္ဘာ့အဆင့်မီ ရေတပ်ဖြစ်လာရေးအတွက် ထပ်လောင်းကတိပြုခဲ့သည်။
ယင်းအား ဂုဏ်ပြုကြိုဆိုသည့် အစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်ရေတပ်က ယခုနှစ်အတွင်း တမ်းပြည့်တာဝန်ထမ်းဆောင်နေသော သင်္ဘောအစင်းရေ ၃၀ ကျော်ကို အများပြည်သူအတွက် ဖွင့်လှစ်ပေးခဲ့ရာ အရေအတွက်အားဖြင့်သာမက အမျိုးအစားစုံလင်မှုအရလည်း ယခင်နှစ်များထက် သာလွန်ခဲ့ပြီး အနီးကပ် လာရောက်လေ့လာကြည့်ရှုလိုသူ အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။
ယင်းတို့အနက် 075 အတန်းစား ကုန်းရေနှစ်သွယ် တိုက်ခိုက်ရေးသင်္ဘော၊ 071 အတန်းစား ကုန်းရေနှစ်သွယ် သယ်ယူပို့ဆောင်ရေးသင်္ဘော၊ 054A နှင့် 056A အတန်းစား ပဲ့ထိန်းဒုံးကျည်တပ် ဖရီးဂိတ်စစ်သင်္ဘောတို့ ပါဝင်ကာ အဆိုပါသင်္ဘောများထဲမှ အများစုမှာ အေဒင်ပင်လယ်ကွေ့၌ လိုက်ပါစောင့်ရှောက်ပေးသည့် မစ်ရှင်များ၊ ပင်လယ်ရပ်ခြားသို့ တရားဝင်ခရီးစဉ်များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု စသော အဓိကမစ်ရှင်များတွင် ပါဝင်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တရုတ်ရေတပ်သည် စစ်ဘက်သုံးဆိပ်ကမ်းများ၊ စစ်အခြေစိုက်စခန်းများကိုလည်း အများပြည်သူအတွက် ဖွင့်လှစ်ပေးခဲ့သည်။ နင်းပေါ၊ ရှန်ဟိုင်းနှင့် ဟိုင်ခို စသော မြို့များရှိ ရေတပ်သုံး လေယာဉ်ကွင်းများတွင်လည်း လာရောက်လေ့လာသူများအနေဖြင့် KJ-500H ၊ J-11B ၊ Z-9D နှင့် Y-9 အပါအဝင် ရှေ့တန်းစစ်မြေပြင်သုံး လေယာဉ်များကို အနီးကပ် ကြည့်ရှုလေ့လာခွင့်ရရှိခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/24y

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ကျိုးစန်းမြို့ရှိ ဆိပ်ကမ်းတစ်ခု၌ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ် အရာရှိ၊ စစ်သည်များ အလေးပြုနေပုံကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………
(English Version)
Chinese navy marks 76th anniversary on march to world-class force safeguarding peace
BEIJING, April 23 (Xinhua) — The Chinese People’s Liberation Army (PLA) Navy marked its 76th anniversary on Wednesday, reaffirming its commitment to becoming a world-class naval force dedicated to safeguarding both national security and global peace.
As part of the celebrations, the Chinese Navy opened more than 30 active-duty vessels to the public this year — surpassing previous years in both scale and variety — drawing large crowds eager to get a closer look.
Among them are the 075-class amphibious assault ship, the 071-class amphibious transport dock, and the 054A and 056A-class guided-missile frigates, many of which have taken part in key missions, including escort operations in the Gulf of Aden, official overseas visits, and joint military exercises.
The Navy also opened several military ports and bases to the public. At naval airfields in cities like Ningbo, Shanghai and Haikou, visitors had the opportunity to view frontline aircraft up close, including the KJ-500H, J-11B, Z-9D and Y-9. xhtxs.cn/24y
English Caption 1
The formation of Chinese aircraft carrier Liaoning carry out a regular real-combat training in the high seas in late October 2024. (Photo by Pu Haiyang/Xinhua)
English Caption 2
Chinese officers and soldiers salute at a port in Zhoushan, east China’s Zhejiang Province, Dec. 15, 2024. (Photo by Yang Jingcong/Xinhua)