Connect with us

China

ရှန်ကျိုး-၂၀ မစ်ရှင်အတွက် အာကာသယာဉ်မှူးများကို လိုက်ပါပို့ဆောင်ခြင်းအခမ်းအနားပြုလုပ်

တရုတ်အာကာသယာဉ်မှူးများဖြစ်ကြသော ချန်တုန်း (အလယ်) ၊ ချန်ကျုံးရွှေ့ (ယာ) နှင့် ဝမ်ကျယ်တို့က တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာတွင် ၂၀၂၅ ခုနှစ် ဧပြီ ၂၄ ရက်က ပြုလုပ်သော လိုက်ပါပို့ဆောင်ခြင်းအခမ်းအနား တက်ရောက်နေစဉ် (ဆင်ဟွာ)

ကျိုချွမ်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာတွင် ရှန်ကျိုး-၂၀ လူလိုက်ပါသောအာကာသမစ်ရှင်၏ တရုတ်အာကာသယာဉ်မှူးသုံးဦးအား လိုက်ပါပို့ဆောင်ခြင်းအခမ်းအနားကို ဧပြီ ၂၄ ရက်၌ ကျင်းပခဲ့ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသအေဂျင်စီအရ သိရသည်။
တရုတ်နိုင်ငံ လူတင်အာကာသအစီအစဉ်၏ ကွပ်ကဲရေးမှူးချုပ် ရွှီရွှဲချန်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် အာကာသယာဉ်မှူးများဖြစ်ကြသော ချန်တုန်း၊ ချန်ကျုံးရွှေ့နှင့် ဝမ်ကျယ်တို့သည် ပေကျင်းစံတော်ချိန် မွန်းလွဲ ၂:၂၆ နာရီတွင် ထွက်ခွာသွားခဲ့သည်။
ရှန်ကျိုး-၁၉ အာကာသယာဉ်မှူးများသည့် ဧပြီ ၂၄ ရက်အထိ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း လည်ပတ်နေသော ထျန်းကုန်းအာကာသစခန်းတွင် ခြောက်လနီးပါးကြာ နေထိုင်လျက်ရှိကာ ရှန်ကျိုး-၂၀ အာကာသယာဉ်မှူးများ ရောက်ရှိလာမှုအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိသည်။
ရှန်ကျိုး-၂၀ လူလိုက်ပါသောအာကာသယာဉ်ကို ပေကျင်းစံတော်ချိန် ဧပြီ ၂၄ ရက် ညနေ ၅:၁၇ နာရီ၌ လွှတ်တင်မည်ဖြစ်သည်။ (Xinhua)

တရုတ်အာကာသယာဉ်မှူးများဖြစ်ကြသော ချန်တုန်း (အလယ်) ၊ ချန်ကျုံးရွှေ့ (ယာ) နှင့် ဝမ်ကျယ်တို့က တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာတွင် ၂၀၂၅ ခုနှစ် ဧပြီ ၂၄ ရက်က ပြုလုပ်သော လိုက်ပါပို့ဆောင်ခြင်းအခမ်းအနား တက်ရောက်နေစဉ် (ဆင်ဟွာ)

တရုတ်အာကာသယာဉ်မှူးများဖြစ်ကြသော ချန်တုန်း (အလယ်) ၊ ချန်ကျုံးရွှေ့ (ယာ) နှင့် ဝမ်ကျယ်တို့က တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာတွင် ၂၀၂၅ ခုနှစ် ဧပြီ ၂၄ ရက်က ပြုလုပ်သော လိုက်ပါပို့ဆောင်ခြင်းအခမ်းအနား တက်ရောက်နေစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Send-off ceremony held for Chinese astronauts of Shenzhou-20 mission
JIUQUAN, April 24 (Xinhua) — A send-off ceremony for the three Chinese astronauts of the Shenzhou-20 crewed space mission was held on Thursday at the Jiuquan Satellite Launch Center in northwest China, according to the China Manned Space Agency.
At the command of Xu Xueqiang, commander-in-chief of China’s manned space program, astronauts Chen Dong, Chen Zhongrui and Wang Jie set off at 2:26 p.m. (Beijing Time).
As of Thursday, the Shenzhou-19 crew has stayed in the orbiting Tiangong space station for almost six months and is preparing for the arrival of the Shenzhou-20 crew.
The Shenzhou-20 crewed spaceship is scheduled to be launched at 5:17 p.m. Thursday.
Photo 1 – 3: Chinese astronauts Chen Dong (C), Chen Zhongrui (R) and Wang Jie attend a send-off ceremony at the Jiuquan Satellite Launch Center in northwest China on April 24, 2025. (Xinhua/Li Xin)