International Organizations
၂၀၂၅ ခုနှစ် ဧပြီ ၂၄ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာအားကစားသတင်းကောက်နုတ်ချက်

— လာလီဂါတွင် ရီးရဲလ်မက်ဒရစ် အနိုင်ရရှိ၊ ထိပ်ဆုံးလေးသင်းထဲတွင် ဘီဘာအို အခိုင်အမာရပ်တည်
ဧပြီ ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်က အာဒါဂူလာ၏ ပထမပိုင်းသွင်းဂိုးနှင့်အတူ ဂီတာဖေးအား အဝေးကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ယူကာ ချန်ပီယံဆုဖလား လမ်းကြောင်းပေါ်တွင် ဆက်ရှိနေဆဲဖြစ်သည်။
အပြောင်းအလဲ အများအပြားပြုလုပ်ထားသော ရီးရဲလ်အသင်း၏ ပွဲထွက်လူစာရင်း၌ ပါဝင်လာသည့် ဘရာဟင် ဒီယက်ဇ်၏ ကန်ချက်အား ဂီတာဖေးဂိုးသမား ဒေးဗစ် ဆိုရီယာ ကာကွယ်ခဲ့ပြီးနောက် တူရကီ လက်ရွေးစင်ကစားသမား ဂူလာက အိမ်ရှင်အသင်းဘက်သို့ ပင်နယ်တီဧရိယာအစပ်မှ ဂိုးသွင်းယူခဲ့သည်။
ဂီတာဖေးဂိုးသမား ဆိုရီယာမှာ အရေးပါသော ဂိုးပေါက်ကာကွယ်မှုများ ပြုလုပ်နိုင်ခဲ့သလို ဂီတာဖေးအသင်းအနေဖြင့် အပြင်းအထန် အားထုတ်ခဲ့သော်လည်း မက်ဒရစ်ဂိုးသမား ကော်တိုအာကို ကြီးကြီးမားမား ခြိမ်းခြောက်နိုင်ခဲ့ခြင်းမရှိပေ။
ဧပြီ ၂၃ ရက်မှာ အက်သလက်တစ် ဘီဘာအိုအတွက် ကျေနပ်စရာ နေ့တစ်နေ့ဖြစ်ခဲ့ပြီး ဘက်စကေးအခြေစိုက် ဘီဘာအိုအသင်းမှာ လက်စ်ပါမားစ်အား အိမ်ကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း အဆင့်-၄ နေရာအတွက် ၎င်း၏ အနီးကပ်ဆုံးပြိုင်ဘက်ဖြစ်သည့် ဗီလာရီးရဲလ်မှာမူ ဆယ်လ်တာဗီဂိုအား အဝေးကွင်း၌ ၀-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
…..
— မက်ဒရစ်အိုးပင်းတွင် ၂၀၂၃ ခုနှစ်ကကဲ့သို့ ထပ်မံစွမ်းဆောင်နိုင်ရန် ဆာဘလန်ကာ မျှော်လင့်
အရီနာ ဆာဘလန်ကာအနေဖြင့် မူတွာ မက်ဒရစ်အိုးပင်း တင်းနစ်ပြိုင်ပွဲဆီသို့ ပြန်လည်ရောက်ရှိလာချိန်တွင် ယမန်နှစ် ဗိုလ်လုပွဲ၌ အီဂါ ဆဝိုင်ယာတက်အား အရေးနိမ့်ခဲ့သည့် ရှုံးပွဲကြီးထက် ၂၀၂၃ ခုနှစ်တွင် ဆုဖလားဆွတ်ခူးနိုင်ခဲ့သည့် အမှတ်တရများကို ပြန်လည်အသက်သွင်းနိုင်ရန် ရည်မှန်းထားသည်။
ဆာဘလန်ကာမှာ မကြာသေးမီက စတုဂတ်၌ အရေးနိမ့်ခဲ့သော်လည်း မက်ဒရစ်သို့ အင်ပြည့်အားပြည့် ခရီးဆက်ခဲ့သည်။ သို့သော် မက်ဒရစ်၌ အသုံးပြုသော မြေစေးကွင်းမှာ ၎င်းစိတ်ကြိုက် ကွင်းမျက်နှာပြင်မျိုး မဟုတ်ကြောင်း ဧပြီ ၂၃ ရက် သတင်းစာရှင်းလင်းပွဲ၌ ဆာဘလန်ကာက ဝန်ခံပြောဆိုခဲ့သည်။
…..
— ကိုပါလစ်ဘာတာဒိုးရက်စ်ပြိုင်ပွဲတွင် ဆယ်ကျော်သက် ကစားသမား ဖာရဲရား၏ ခြေစွမ်းပြမှုဖြင့် ဆော်ပေါ်လိုအသင်း အုပ်စုထိပ်ဆုံးသို့ ရောက်ရှိလာ
ဧပြီ ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကိုပါလစ်ဘာတာဒိုးရက်စ်ပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်၌ ဘရာဇီးကလပ် ဆော်ပေါ်လိုအသင်းက ပါရာဂွေးကလပ် လစ်ဘာတက်ဒ်အသင်းအား လူးကက်စ် ဖာရဲရား၊ အန်ဒရေ ဆေးဗားတို့၏ ဒုတိယပိုင်း သွင်းဂိုးများဖြင့် အိမ်ကွင်း၌ ၂ ဂိုးပြတ် အနိုင်ရရှိခဲ့သည်။
ပွဲကစားချိန် မိနစ် ၆၀ အကြာတွင် ဖာရဲရားက ကိုက် ၃၀ အကွာမှ လိမ်ခေါက်ဆွဲပြေးကာ ၁၀ ကိုက်အကွာမှ ဂိုးပေါက်၏ အဝေးထောင့်ဆီသို့ တည်တည်ငြိမ်ငြိမ် အဆုံးသတ်၍ အဖွင့်ဂိုးသွင်းယူခဲ့သည်။ ဆော်ပေါ်လိုအတွက် ဒုတိယအနိုင်ဂိုးကိုမူ ညာခြမ်းမှ နာဟူအယ် ဖာရာရီစီ၏ ဖြတ်တင်ဘောပေးပို့မှုအား အန်ဒရေ ဆေးဗားက အဝေးထောင့်ဆီသို့ ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။
…..
— CBA playoff ပွဲစဉ်တွင် Zhejiang Lions က Qingdao Eagles အား အနိုင်ယူကာ ဆီမီးဖိုင်နယ်တက်ရောက်
ဧပြီ ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် တရုတ်ဘတ်စကက်ဘောပြိုင်ပွဲ (CBA) playoff ပွဲစဉ်တွင် Zhejiang Lions အသင်းက Qingdao Eagles အား ၁၀၁-၉၆ မှတ်ဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ်အတွက် နောက်ဆုံးလက်ကျန် တစ်နေရာကို ရယူနိုင်ခဲ့ပြီဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့ပွဲမှာ ခဲရာခဲဆစ် နိုင်ပွဲရယူပြီးကတည်းက ယုံကြည်မှု ပြန်တည်ဆောက်နိုင်ခဲ့ပါတယ်။ အိမ်ကွင်းမှာ ပြန်ကစားရတဲ့အခါ ဆီမီးဖိုင်နယ်ရောက်အောင် ကစားနိုင်မယ်လို့ ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထားတာပါ” ဟု Zhejiang Lions အသင်း နည်းပြချုပ်ဖြစ်သူ Wang Bo က ပြိုင်ပွဲအပြီးတွင် ပြောကြားခဲ့သည်။ (Xinhua)
……………………………..
(English Version)
La Liga: Real Madrid wins, Athletic Bilbao strengthens grip on top four
Arda Guler’s first-half goal kept Real Madrid in the hunt for the La Liga title with a 1-0 win away to Getafe.
The Turkey international fired home from the edge of the penalty area after Getafe goalkeeper David Soria had saved from Brahim Diaz, who also started in a much-changed Madrid starting 11.
Soria made several other important saves, while Getafe worked hard but failed to seriously test Thibaut Courtois in the Madrid goal.
Wednesday was an excellent day for Athletic Bilbao, with the Basque side winning a close match 1-0 at home to Las Palmas, while Villarreal, its closest rival in the battle for fourth place, lost 3-0 away to Celta Vigo.
…..
Sabalanka looking forward to Madrid but keen to repeat 2023 rather than 2024
Aryna Sabalenka is back at the Mutua Madrid Open hoping to rekindle memories of her title win from 2023, rather than her epic defeat in last year’s final against Iga Swiatek.
Sabalenka travels to Madrid in good form, despite a recent defeat in Stuttgart, but admitted in a press conference on Wednesday that the clay used in Madrid is not her favorite surface.
…..
Teenager Ferreira helps Sao Paulo to top of Libertadores group
Lucas Ferreira and Andre Silva scored second-half goals as Sao Paulo eased to a 2-0 win at Libertad in their Copa Libertadores group stage match on Wednesday.
Ferreira broke the deadlock just after the hour for the Brazilian club by dribbling 30 yards and slotting a composed finish into the far corner from 10 yards. Andre Silva made the Paraguayan side pay, doubling his team’s advantage with a looping header into the far corner following Nahuel Ferraresi’s cross from the right wing.
…..
CBA Playoffs: Zhejiang eliminates Qingdao to reach semifinals
The Zhejiang Lions secured the last spot in the semifinals of the Chinese Basketball Association (CBA) playoffs by defeating the Qingdao Eagles 101-96 on Wednesday.
“We rebuilt our confidence since we notched the difficult victory in the last game. Back to the home court, we were determined to become the final four,” Zhejiang’s head coach Wang Bo said after the game.