China
တရုတ်နှင့် ဗီယက်နမ် ကမ်းခြေစောင့်တပ်ဖွဲ့များက ပေပုပင်လယ်ကွေ့တွင် ပူးတွဲကင်းလှည့်ခြင်းပြီးစီး

ဟိုင်ခို၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့များသည် ၂၀၀၆ ခုနှစ်မှစ၍ နှစ်နိုင်ငံ ပင်လယ်ရေကြောင်းဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအကြား ၂၉ ကြိမ်မြောက် ပူးတွဲကင်းလှည့်ခြင်းဖြစ်သလို ၂၀၂၅ ခုနှစ်အတွက် ပေပုပင်လယ်ကွေ့အတွင်း ပထမဆုံးအကြိမ် ပူးတွဲကင်းလှည့်မှုအစီအစဉ် ပြီးစီးခဲ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ (CCG) က ဧပြီ ၂၅ ရက်၌ ပြောကြားခဲ့သည်။
သုံးရက်ကြာမြင့်သည့် အဆိုပါ ပူးတွဲကင်းလှည့်ခြင်းအစီအစဉ်သည် ဧပြီ ၂၄ ရက်၌ ပြီးစီးခဲ့ခြင်းဖြစ်ကာ ယင်းကာလအတွင်း တရုတ်နှင့် ဗီယက်နမ် ကမ်းခြေစောင့်သင်္ဘောများသည် ရေပြင်အတွင်း သတ်မှတ်ထားသော လမ်းကြောင်းတစ်လျှောက် ကင်းလှည့်စဉ် နှစ်နိုင်ငံမှ ငါးဖမ်းလှေများကို စောင့်ကြည့်လေ့လာခြင်းနှင့် စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နှစ်ဖက်အနေဖြင့် ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေးပူးတွဲလေ့ကျင့်မှုလည်း လုပ်ဆောင်ခဲ့သလို နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်မှုနှင့် အရေးပေါ်တုံ့ပြန်မှုစွမ်းဆောင်ရည်များ မြှင့်တင်ခဲ့ကြောင်း CCG က ဆိုသည်။
ပေပုပင်လယ်ကွေ့တွင် တရုတ်နှင့် ဗီယက်နမ် ကမ်းခြေစောင့်တပ်ဖွဲ့များက တစ်နှစ်လျှင် နှစ်ကြိမ်ဆောင်ရွက်သော အဆိုပါ ပူးတွဲကင်းလှည့်ခြင်းသည် တောင်တရုတ်ပင်လယ်အတွင်း ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စံနမူနာဖြစ်လာခဲ့သည်ဟု CCG က မှတ်ချက်ပြုခဲ့သည်။
၎င်းတို့သည် ငါးလုပ်ငန်းအရင်းအမြစ်ကာကွယ်ရေး၊ ငါးလုပ်ငန်းထုတ်လုပ်မှု စည်းစနစ် ကာကွယ်ထိန်းသိမ်းရေး၊ ပင်လယ်ရေကြောင်းပြစ်မှု တိုက်ဖျက်ရေး၊ ဒေသတွင်းလုံခြုံမှုနှင့် တည်ငြိမ်မှုကို မြှင့်တင်ရာတွင် အပြုသဘော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
China, Vietnam coast guards complete joint patrol in Beibu Gulf
HAIKOU, April 25 (Xinhua) — Chinese and Vietnamese coast guards have completed their first joint patrol in the Beibu Gulf for 2025, the 29th joint patrol conducted by the two countries’ maritime law enforcement agencies since 2006, the China Coast Guard (CCG) said Friday.
The three-day joint patrol wrapped up on Thursday, during which Chinese and Vietnamese coast guard ships observed and inspected fishing boats from both countries while patrolling along planned routes in the waters.
The two sides also carried out a joint maritime search and rescue exercise, enhancing bilateral coordination and emergency response capabilities, the CCG said.
Conducted twice a year, the joint patrols by the Chinese and Vietnamese coast guards in the Beibu Gulf have become a model for maritime law enforcement cooperation in the South China Sea, the CCG noted.
They have played a constructive role in conserving fishery resources, maintaining order in fishing activities, combating maritime crime, and promoting regional security and stability.