Connect with us

China

သမ္မတ ရှီက ရှန်ဟိုင်းမြို့ရှိ ဉာဏ်ရည်တု (AI) နည်းပညာလုပ်ငန်းကို ကြည့်ရှုစစ်ဆေးကာ ယင်းကဏ္ဍဖွံ့ဖြိုးတိုးတက်မှုရှိစေရန် တိုက်တွန်းပြောကြား

ရှန်ဟိုင်း၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရှန်ဟိုင်းမြို့ရှိ ဉာဏ်ရည်တု (AI) နည်းပညာလုပ်ငန်းစုကြီးကို ဧပြီ ၂၉ ရက်၌ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှန်ဟိုင်းမြို့အနေဖြင့် AI ဖွံ့ဖြိုးတိုးတက်မှုနှင့် စီမံအုပ်ချုပ်မှု၌ ဦးဆောင်ဦးရွက်ပြုရေးအတွက် တိုက်တွန်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ခေါင်းဆောင်ပိုင်းက AI နည်းပညာသီးသန့် လေ့လာမှုအစည်းအဝေး ကျင်းပပြီးလေးရက်အကြာတွင် အဆိုပါ စစ်ဆေးရေးခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်ကာ ယင်းအစည်းအဝေး၌ သမ္မတ ရှီက ထိုမဟာဗျူဟာမြောက်ကဏ္ဍ၌ ဦးဆောင်အစပြုမှုရရှိရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
စီးပွားရေးလုပ်ငန်း ၁၀၀ ကျော် တည်ရှိသော စံပြလုပ်ငန်းစုကြီးဖြစ်သည့် ရှန်ဟိုင်း ဖောင်ဒေးရှင်း စံပြဆန်းသစ်တီထွင်မှုစင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ရှီက “AI နည်းပညာက လျင်မြန်စွာ ဆင့်ကဲပြောင်းလဲနေသလို အလွန်လျင်မြန်စွာ တိုးတက်မှုအဆင့်ကို ဝင်ရောက်လာပါပြီ” ဟု ပြောကြားခဲ့သည်။ (Xinhua)
#China #XiJinping #AI #Shanghai #တရုတ် #ရှီကျင့်ဖိန် #ဉာဏ်ရည်တုနည်းပညာ #ရှန်ဟိုင်း
……………………………………..
(English Version)
Xi inspects AI industry in Shanghai, calling for its development
SHANGHAI, April 29 (Xinhua) — Chinese President Xi Jinping on Tuesday visited an AI incubator in Shanghai, calling on the city to take the lead in AI development and governance.
The inspection trip came four days after China’s leadership convened a dedicated AI study session, where Xi called for gaining a head start in this strategic sector.
“AI technology is evolving rapidly and entering a phase of explosive growth,” said Xi, as he visited the Shanghai Foundation Model Innovation Center, a large model incubator home to over 100 enterprises.