Connect with us

China

တရုတ်နိုင်ငံက အီးယူနှင့်အတူ ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာတိုးတက်မှု မြှင့်တင်ရေးအတွက် ဆောင်ရွက်မည်ဟု ဝန်ကြီးချုပ် လီပြော

ပေကျင်း၊ ဧပြီ ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် တရုတ်-အီးယူ (EU)ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ တိုးတက်မှု မြှင့်တင်ရေးအတွက် ဥရောပနှင့် အတူတကွဆောင်ရွက်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen နှင့် တယ်လီဖုန်းဖြင့်ဆက်သွယ်စဉ် ဧပြီ ၈ ရက်က ပြောကြားခဲ့သည်။
တရုတ်-အီးယူ ဆက်ဆံရေးသည် တည်ငြိမ်စွာတိုးတက်မှုအရှိန်ကို ဖော်ပြလျက်ရှိကြောင်း ဝန်ကြီးချုပ် လီက ဆိုသည်။ ယခုနှစ်သည် တရုတ်နိုင်ငံနှင့် အီးယူကြား သံတမန်ဆက်ဆံရေး နှစ် ၅၀ မြောက် နှစ်ပတ်လည် အထိမ်းအမှတ်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုမှာ အရေးပါသော အခွင့်အလမ်းများနှင့် ရင်ဆိုင်နေရကြောင်း ၎င်းက ဆိုသည်။
တရုတ်နိုင်ငံနှင့် အီးယူတို့သည် တစ်ဖက်နှင့် တစ်ဖက် အရေးပါဆုံး ကုန်သွယ်မိတ်ဖက်များဖြစ်ကြကြောင်း၊ ၎င်းတို့၏ စီးပွားရေးသည် ဘက်စုံလိုက်လျောညီထွေရှိပြီး အကျိုးစီးပွားများမှာလည်း နီးကပ်စွာရောယှက်လျက်ရှိကြောင်း ဝန်ကြီးချုပ် လီက ပြောကြားခဲ့သည်။ (Xinhua)
……………………
(English Version)
China to work with EU to promote sound, steady development of relations — Premier Li
BEIJING, April 8 (Xinhua) — Chinese Premier Li Qiang said in a phone conversation with European Commission President Ursula von der Leyen on Tuesday that China is ready to work with the European side to promote the sound and steady development of China-EU relations.
Li said that China-EU relations are showing a momentum of steady growth. This year marks the 50th anniversary of diplomatic ties between China and the EU, and the development of bilateral relations faces important opportunities, he said.
China and the EU are each other’s most important trading partners, he said, adding that their economies are highly complementary and interests are closely intertwined.

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.