Connect with us

China

တရုတ် ကွန်မြူနစ် လူငယ်အဖွဲ့ချုပ် (CYLC)တွင် အဖွဲ့ဝင် ၇၅.၃၂ သန်းခန့် ရှိ

ပေကျင်း၊ မေ ၃ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအထိတွင် တရုတ်ကွန်မြူနစ်ပါတီလူငယ်အဖွဲ့ချုပ် (CYLC) ၏ လူငယ်အဖွဲ့ဝင် စုစုပေါင်းသည် ၇၅.၃၂ သန်းခန့်ရှိကြောင်း၊ ၎င်းတို့အနက် လွန်ခဲ့သည့်နှစ်တွင် အသစ်ထပ်တိုးသည့်အဖွဲ့ဝင် ဦးရေ ၆.၄၂ သန်းခန့် ရှိကြောင်း တရုတ်ကွန်မြူနစ်ပါတီလူငယ်အဖွဲ့ချုပ် (CYLC) က မေ ၃ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီလူငယ်အဖွဲ့ချုပ် (CYLC) ဗဟိုကော်မတီ၏ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအထိတွင် တရုတ်နိုင်ငံတစ်ဝန်း ကွန်မြူနစ်ပါတီ လူငယ်အဖွဲ့အစည်း စုစုပေါင်းမှာ ၄.၄ သန်း နီးပါး ရှိကြောင်း သိရသည်။

လွန်ခဲ့သည့်နှစ်တွင် နိုင်ငံတစ်ဝန်း စာသင်ကျောင်းများ၊ ကောလိပ်ကျောင်းနှင့် တက္ကသိုလ်များရှိ ကွန်မြူနစ်ပါတီ လူငယ်အဖွဲ့အစည်းသည် ၂ သန်းခန့် ရှိပြီး အဖွဲ့ဝင် ၃၈.၅ သန်းခန့် ရှိကြောင်း အချက်အလက်များက ဖော်ပြထားသည်။ အခြားသော ကွန်မြူနစ်ပါတီ လူငယ်အဖွဲ့အစည်းများမှာ ကုမ္ပဏီလုပ်ငန်းဌာနများ၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၊ မြို့ပြနှင့် ကျေးလက်လူထုအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ စသည့် ကဏ္ဍများတွင် ရှိကြောင်း သိရသည်။ (Xinhua)

———————-
(Chinese Version)
Communist Youth League of China has about 75.32 mln members
BEIJING, May 3 (Xinhua) — The Communist Youth League of China (CYLC) had around 75.32 million members by the end of 2024, including about 6.42 million members newly added last year, the CYLC said on Saturday.
The CYLC had nearly 4.4 million organizations across the country by the end of 2024, according to statistics released by the CYLC Central Committee.
There were roughly 2 million CYLC organizations at schools, colleges and universities last year, with around 38.5 million members, the data showed. The remaining CYLC organizations were linked to enterprises, public institutions, urban and rural communities, social organizations and other fields. Enditem