China
တိုင်ကြားချက်တစ်စုံတစ်ရာမရှိခဲ့ဘဲ ပါဆယ်ထုပ် ၂၀၀,၀၀၀ ပို့ဆောင်ပေးနိုင်ခဲ့သော ကုန်းပြင်မြင့်ဒေသမှ ကုန်ပစ္စည်းပို့သမား လာပါး

NAGQU ၊ မေ ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အသက် ၃၀ နှစ်အရွယ် လားပါးသည် ၂၀၁၆ ခုနှစ်က SF Express ၏ နာ့ချွီးရုံးခွဲတွင် စတင်ဝင်ရောက် အလုပ်လုပ်ကိုင်ချိန်မှစ၍ ၎င်း၏နမော်နမဲ့မှုမရှိခြင်းကြောင့် ဖောက်သည်တစ်ဦးတစ်ယောက်ထံကမှ တိုင်ကြားချက်တစ်စုံတစ်ရာမရှိဘဲ ပါဆယ်ထုပ်ပေါင်း ၂၀၀,၀၀၀ ကျော်အား ပို့ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်သည်။
ပျမ်းမျှ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄,၅၀၀ ကျော်တွင် တည်ရှိသော နာ့ချွီးမြို့ရှိ ရှည်ကြာ၍ အေးခဲလှသော ဆောင်းရာသီကာလများတစ်လျှောက် အောက်ဆီဂျင်လျော့ကျသည့် နေ့စဉ်စိန်ခေါ်မှုများကို လာပါးက ရဲဝံ့စွာ ကြံ့ကြံ့ခံရင်ဆိုင်ခဲ့သည်။ ယင်းမှာ တစ်နှစ်တာပတ်လုံး နှင်းမုန်တိုင်းများနှင့် မိုးသက်မုန်တိုင်းများကြောင့် ချော်နေသည့်လမ်းမများထက်ဝယ် လျှပ်စစ် သုံးဘီးဆိုင်ကယ်များကို စီးနင်းသူတစ်ဦးအတွက် စွမ်းရည်မြင့်မားမှုနှင့် ဇွဲလုံ့လကြီးမားမှု လိုအပ်ကြောင်း ဖော်ပြနေသည်။
လာပါးအနေဖြင့် နာ့ချွီးမြို့၏ လမ်းမများနှင့် လူသွားလမ်းများတစ်လျှောက် ကွေ့ဝိုက်ကာ နေ့စဉ်နှင့်အမျှ သုံးဘီးဆိုင်ကယ်စီးသွားလာလျက် ပစ္စည်းပို့ဝန်ဆောင်မှုစခန်းနှင့် ၎င်း၏ဖောက်သည်များအကြား “ပစ္စည်းအရောက်ပို့ဆောင်” ပေးသော ၎င်း၏ အခန်းကဏ္ဍကို ဆက်လက်စိတ်နှစ်မြှုပ်ကာ လုပ်ကိုင်နေခြင်းဖြစ်သည်။
“ကျွန်တော့်ဖောက်သည်တစ်ယောက်စီတိုင်းရဲ့ ယုံကြည်မှုတွေကို ပိုပြီးဖြည့်ဆည်းပေးနိုင်အောင်လို့ ကျွန်တော့်အလုပ်ကို ဒီထက်ပိုကောင်းမွန်အောင်လုပ်ဆောင်သွားမှာပါ” ဟု လာပါးက ဆိုသည်။ (Xinhua)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နာ့ချွီးမြို့ရှိ ပစ္စည်းပို့ဝန်ဆောင်မှုစခန်းတွင် ပါဆယ်ထုပ်အချက်အလက်စစ်ဆေးနေသော လားပါး (အနောက်) ကို ၂၀၂၅ ခုနှစ် ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………..
(English Version)
200,000 parcels, zero complaints: courier Laba’s dedication in high plateau
NAGQU, May 4 (Xinhua) — Laba, a 30-year-old courier in southwest China’s Xizang Autonomous Region, has delivered more than 200,000 parcels without a single customer complaint due to personal negligence since he joined SF Express’ Nagqu branch in 2016.
Laba braves daily challenges inflicted by thin oxygen along with long and freezing winters in Nagqu, a city with an average altitude exceeding 4,500 meters. It takes both high skills and great perseverance for one to ride electric tricycles on slippery roads amid blizzards or rainstorms year-round.
That said, Laba remains dedicated to his role, winding through Nagqu’s streets and alleys day after day to bridge the “last miles” between the delivery stations and his customers.
“I must excel at my job to live up to the trust of every customer,” Laba said.
Photo 1: Laba (C) and his colleagues pose for a group photo at a delivery station in Nagqu, southwest China’s Xizang Autonomous Region, April 24, 2025. (Xinhua/Tenzin Nyida)
Photo 2: Laba (rear) checks parcel information at a delivery station in Nagqu, southwest China’s Xizang Autonomous Region, April 24, 2025. (Xinhua/Jigme Dorje)