Connect with us

Asia

အိန္ဒိယနှင့် ပါကစ္စတန်တို့အနေဖြင့် အခြေအနေ ပိုမိုရှုပ်ထွေးစေနိုင်သည့် လုပ်ရပ်များကို ရှောင်ကြဉ်ရန် တရုတ်နိုင်ငံ တိုက်တွန်း

ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ)
အိန္ဒိယနှင့် ပါကစ္စတန်တို့အနေဖြင့် တည်တည်ငြိမ်ငြိမ်ရှိရန်၊ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန်၊ အခြေအနေ ပိုမိုရှုပ်ထွေးစေနိုင်သည့် လုပ်ရပ်များကို ရှောင်ကြဉ်ရန် တရုတ်နိုင်ငံက နှစ်ဖက်စလုံးအား တိုက်တွန်းကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၇ ရက်၌ ပြောကြားခဲ့သည်။
မေ ၇ ရက် အစောပိုင်းတွင် ပါကစ္စတန်ရှိ ပစ်မှတ်များကို အိန္ဒိယက စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ပါကစ္စတန်ဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်မှု ဖြစ်ပွားခဲ့ခြင်းနှင့် စပ်လျဉ်း၍ မီဒီယာ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာ၌ ၎င်းပြောရေးဆိုခွင့်ရှိသူက အိန္ဒိယ၏ စစ်ဆင်ရေးမှာ ဝမ်းနည်းစရာပင်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် လက်ရှိဖြစ်ပွားနေသော အခြေအနေအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယနှင့် ပါကစ္စတန်တို့မှာ အိမ်နီးချင်းများဖြစ်ကြသကဲ့သို့ အစဉ်သဖြင့်လည်း အိမ်နီးချင်းများအဖြစ် ရှိနေမည်ဖြစ်ကာ ယင်းနှစ်နိုင်ငံစလုံးမှာလည်း တရုတ်နိုင်ငံ၏ အိမ်နီးချင်းများဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အကြမ်းဖက်မှု ပုံစံမှန်သမျှကို ဆန့်ကျင်ကြောင်း ၎င်းပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
“ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုအတွက် ပိုမိုရှေးရှုလုပ်ဆောင်ဖို့၊ တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့၊ အခြေအနေ ပိုမိုရှုပ်ထွေးစေနိုင်တဲ့ လုပ်ရပ်တွေကို ရှောင်ကြဉ်ဖို့အတွက် မိမိတို့အနေနဲ့ နှစ်ဖက်စလုံးကို တိုက်တွန်းပါတယ်” ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)
………………….
(English Version)
China urges India, Pakistan to refrain from taking actions that may further complicate situation
BEIJING, May 7 (Xinhua) — China urges both India and Pakistan to remain calm, exercise restraint and refrain from taking actions that may further complicate the situation, a foreign ministry spokesperson said Wednesday.
In reply to a media query concerning India’s military strikes on targets in Pakistan early Wednesday, which met strong response from Pakistan, the spokesperson said India’s military operation is regrettable and China is concerned about the ongoing situation.
India and Pakistan are and will always be each other’s neighbors, and they are both China’s neighbors, said the spokesperson, noting that China opposes all forms of terrorism.
“We urge both sides to act in the larger interest of peace and stability, remain calm, exercise restraint and refrain from taking actions that may further complicate the situation,” the spokesperson said.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.