Connect with us

China

ဒုတိယကမ္ဘာစစ်အောင်ပွဲ၏ အမွေအနှစ်ကို ထိန်းသိမ်းကာကွယ်ရန် သမ္မတရှီ တိုက်တွန်း

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ Vnukovo လေဆိပ်၌ ကြီးကျယ်ခမ်းနားသော ဧည့်ခံကြိုဆိုပွဲအတွင်း ဂုဏ်ပြုတပ်ဖွဲ့အား လှည့်လည်စစ်ဆေးနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ၂၀၂၅ ခုနှစ် မေ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မေ ၈ ရက် (ဆင်ဟွာ)
ကမ္ဘာကြီးအနေဖြင့် ဗိုလ်ကျလွှမ်းမိုးမှု၊ အင်အားသုံး၍ လွှမ်းမိုးခြယ်လှယ်သော နိုင်ငံရေးစနစ်တို့၏ ခြိမ်းခြောက်မှုအောက်တွင် တစ်ကျော့ပြန် ကျရောက်နေစဉ် ဒုတိယကမ္ဘာစစ် အောင်ပွဲ၏ အမွေအနှစ်ကို ထိန်းသိမ်းကာကွယ်ရေးအတွက် စုပေါင်းအားထုတ်ကြရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မေ ၇ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။
ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်နှင့် ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်ရန် မော်စကိုမြို့သို့ ရောက်ရှိလာချိန်တွင် ရှီက အထက်ပါအတိုင်း တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့အနေဖြင့် ဒုတိယကမ္ဘာစစ် အောင်ပွဲရလဒ်ကို ထိန်းသိမ်းကာကွယ်ရန် အတူတကွ လုပ်ဆောင်ကာ ဗိုလ်ကျလွှမ်းမိုးမှု၊ အင်အားသုံး၍ လွှမ်းမိုးခြယ်လှယ်သော နိုင်ငံရေးစနစ်တို့ကို ပြတ်ပြတ်သားသား ဆန့်ကျင်သွားမည်ဟု မော်စကိုသို့ ရောက်ရှိလာချိန်တွင် ရေးသားထုတ်ပြန်ခဲ့သော ရှီ၏ ကြေညာချက်၌ ဖော်ပြထားသည်။
ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်သလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများလည်းဖြစ်သည့် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့မှာ ကုလသမဂ္ဂဗဟိုပြု နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာ ဥပဒေ ကျောထောက်နောက်ခံပြုသော နိုင်ငံတကာ စည်းစနစ်တို့ကို အခိုင်အမာ ကာကွယ်စောင့်ရှောက်ရေး၊ စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးစနစ်အား လက်တွေ့ကျင့်သုံးရေး၊ ပိုမိုတရားမျှတ၍ သာတူညီမျှရှိသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ထူထောင်မှုအား အားပေးမြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ရှီက ပြောကြားခဲ့သည်။
ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်၏ ဖိတ်ကြားချက်အရ သမ္မတရှီ၏ ရုရှားနိုင်ငံ ခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ယခုတစ်ကြိမ်မှာ ၎င်းအနေဖြင့် တရုတ်နိုင်ငံ သမ္မတဖြစ်လာပြီးနောက် ရုရှားနိုင်ငံသို့ ၁၁ ကြိမ်မြောက် သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/3rE


………………..
(English Version)
Xi urges safeguarding legacy of WWII victory
MOSCOW, May 8 (Xinhua) — Chinese President Xi Jinping on Wednesday called for concerted efforts to defend the legacy of World War II (WWII) victory as the world is once again reeling from the specter of hegemonism and power politics.
Xi made the call as he arrived in Moscow for a state visit to Russia and celebrations marking the 80th anniversary of the victory in the Soviet Union’s Great Patriotic War.
In a written statement issued upon arrival, Xi said China and Russia will work together to safeguard the victorious outcome of WWII, and resolutely oppose hegemonism and power politics.
China and Russia, both major countries of the world and permanent members of the UN Security Council, will join hands to firmly safeguard the UN-centered international system and the international order underpinned by international law, practice true multilateralism, and promote the building of a more just and equitable global governance system, he said.
Xi’s visit comes at the invitation of Russian President Vladimir Putin. This marks his 11th visit to Russia since he became the president of China. xhtxs.cn/3rE
English Caption
Chinese President Xi Jinping inspects the guard of honor during a grand welcome ceremony at the Vnukovo Airport in Moscow, Russia, May 7, 2025. (Xinhua/Xie Huanchi)