Connect with us

China

တရုတ်နှင့် ရုရှားအနေဖြင့် ကုလသမဂ္ဂ အခွင့်အာဏာကို ထိန်းသိမ်းရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုးစီးပွားများကို ကာကွယ်ရန် သမ္မတ ရှီတိုက်တွန်း

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရုရှားနိုင်ငံ မော်စကိုမြို့ရှိ Vnukovo လေဆိပ်တွင် ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားအတွင်း ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးနေသည်ကို ၂၀၂၅ ခုနှစ် မေ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မေ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ရုရှားနိုင်ငံနှင့်အတူ ကုလသမဂ္ဂ၏ အခွင့်အာဏာနှင့် အနေအထားကို ထိန်းသိမ်းရန်နှင့် တစ်ဖက်သတ်ဝါဒနှင့် ဗိုလ်ကျစိုးမိုးမှုကို ရင်ဆိုင်ရာတွင် နှစ်နိုင်ငံအပြင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို အပြည့်အဝကာကွယ်ရန် အသင့်ရှိကြောင်း သမ္မတ ရှီကျင့်ဖိန်က မေ ၈ ရက်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့်အတူ ကမ္ဘာ့နိုင်ငံကြီး နှစ်နိုင်ငံနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်များ ဖြစ်သည့်အားလျော်စွာ အထူးတာဝန်ဝတ္တရားကို ထမ်းရွက်ရန် အတူတကွလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်နှင့် ဆွေးနွေးရာတွင် ရှီက ပြောခဲ့သည်။
သမ္မတ ရှီသည် ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ်လည်းကောင်း၊ ဆိုဗီယက်ပြည်ထောင်စု မဟာမျိုးချစ်စစ်အောင်ပွဲ နှစ် ၈၀ ပြည့်အထိမ်းအမှတ် အခမ်းအနားပွဲများတက်ရောက်ရန် အတွက်လည်းကောင်း မေ ၇ ရက်က ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ (Xinhua)
…………………….
(English Version)
Xi urges China, Russia to safeguard UN authority, defend interests of developing countries
MOSCOW, May 8 (Xinhua) — Chinese President Xi Jinping said here Thursday that China is ready to work with Russia to safeguard the authority and status of the United Nations, and resolutely defend the rights and interests of the two nations as well as those of developing countries in face of unilateralism and bullying.
In talks with Russian President Vladimir Putin, Xi also said that the Chinese side will work with Russia to shoulder the special responsibility as two major countries of the world and permanent members of the UN Security Council.
Xi arrived in Moscow on Wednesday to pay a state visit to Russia and attend the celebrations marking the 80th anniversary of the victory in the Soviet Union’s Great Patriotic War.
Photo : Chinese President Xi Jinping inspects the guard of honor during a grand welcome ceremony at the Vnukovo Airport in Moscow, Russia, May 7, 2025. (Xinhua/Xie Huanchi)