Connect with us

မြန်မာ-ENG

တရုတ်နိုင်ငံတွင် ယာဉ်မတော်တဆမှုကြီးများ ဖြစ်ပွားနှုန်း သိသိသာသာ လျော့ကျ

တရုတ်နိုင်ငံ၊ မြို့တော် ပေကျင်း၌ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး (SCIO) က ကျင်းပပြုလုပ်သည့် ၁၄ ကြိမ်မြောက် ငါးနှစ်တာ စီမံကိန်း အရည်အသွေးမြင့်မားစွာ အကောင်အထည်ဖော် ပြီးမြောက်ရေးနှင့် စပ်လျဉ်း၍ အဆင့်မြင့်လုံခြုံရေး အာမခံခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ချီယန်ကျွင်းအား ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင် ၁၄ ကြိမ်မြောက် ငါးနှစ်တာစီမံကိန်း (၂၀၂၁-၂၀၂၅) ကာလအတွင်း သေဆုံးသူ သုံးဦး သို့မဟုတ် ထို့ထက်ပို၍ ထိခိုက်သေဆုံးမှုရှိသော ယာဉ်မတော်တဆမှုကြီးများ ဖြစ်ပွားသည့် အရေအတွက် သိသိသာသာ လျော့ကျလာကြောင်း ပြည်သူ့လုံခြုံရေး အရာရှိတစ်ဦးက ဇူလိုင် ၂၃ ရက်တွင် ပြောကြားခဲ့သည်။
နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးက ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ချီယန်ကျွင်းက ယင်းကဲ့သို့သော ယာဉ်မတော်တဆမှုကြီးများ ဖြစ်ပွားနှုန်းမှာ ၂၀၁၆-၂၀၂၀ ငါးနှစ်တာ ကာလနှင့် နှိုင်းယှဉ်ပါက ၃၄ ရာခိုင်နှုန်း လျော့ကျသွားကြောင်း ထောက်ပြပြောကြားခဲ့သည်။
ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို အမြင့်ဆုံး ကာကွယ်ရန်အတွက် နိုင်ငံတစ်ဝန်းရှိ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများက လမ်းပန်းဆက်သွယ်ရေး၊ မီးရထားနှင့် မြို့ပြလေကြောင်းကဲ့သို့သော ကဏ္ဍများရှိ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အားနည်းချက်များကို ဖော်ထုတ်ခြင်းနှင့် ပြုပြင်ဖြေရှင်းခြင်းတို့ကို အရှိန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း ဒုတိယဝန်ကြီး ချီက ပြောကြားခဲ့သည်။ (Xinhua)
——————
(English Version)
China sees significant decline in incidence of major traffic accidents
BEIJING, July 23 (Xinhua) — The number of major traffic accidents causing three or more deaths in each case has significantly declined during the 14th Five-Year Plan period (2021-2025) in China, a senior public security official said Wednesday.
At a press conference held by the State Council Information Office, Qi Yanjun, vice minister of public security, noted that the number of such accidents has dropped by 34 percent compared to the 2016-2020 period.
Qi said that public security organs across the country intensified the identification and rectification of safety loopholes in sectors such as road traffic, railways, and civil aviation, so as to protect the people’s property and safety to the maximum extent.

English Caption
Qi Yanjun, vice minister of public security, attends a press conference held by the State Council Information Office (SCIO) on ensuring high-level security as a safeguard for the high-quality completion of the 14th Five-Year Plan in Beijing, capital of China, July 23, 2025. (Xinhua/Jin Liwang)