Connect with us

China

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုမှာ ၂၀၂၂ ခုနှစ်အတွင်း ၇.၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်ကျိုးဆိပ်ကမ်းရှိ ကွန်တိန်နာဆိပ်ကမ်းကို ၂၀၂၂ ခုနှစ် မတ် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၂၀၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်း ကုန်စည် သွင်းကုန်နှင့် ပို့ကုန်များမှာ တစ်ဖန် စံချိန်တင်အဖြစ် ယမန်နှစ်ကထက် ၇.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ရာ ယွမ် ၄၂.၀၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆.၂၅ ထရီလီယံ) ရှိခဲ့ကြောင်း ဇန်နဝါရီ ၁၃ ရက်က ထုတ်ပြန်သော အချက်အလက်များ၌ ဖော်ပြထားသည်။ သွင်းကုန်များမှာ ယမန်နှစ်ကထက် ၄.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့သလို ပို့ကုန်များအနေဖြင့်လည်း ၁၀.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း အထွေထွေအကောက်ခွန်ဦးစီးဌာနအရ သိရသည်။ (Xinhua)

………………………………
(English Version)
China’s foreign trade up 7.7 pct in 2022 to new high

China’s total goods imports and exports hit record high again in 2022, expanding 7.7 percent year on year to 42.07 trillion yuan (about 6.25 trillion U.S. dollars), official data showed Friday. Exports rose 10.5 percent year on year, while imports went up 4.3 percent, according to the General Administration of Customs.

Photo: Photo taken on March 2, 2022 shows a container terminal of Qinzhou Port in south China’s Guangxi Zhuang Autonomous Region. (Xinhua)