Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
အာဆီယံအတွက် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးတံခါးပေါက်က NEV အစိတ်အပိုင်းများတင်ပို့မှုကို တစ်ဟုန်ထိုးတိုးတက်မှုဖြစ်စေ - Xinhua News Agency
Connect with us

Videos

အာဆီယံအတွက် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးတံခါးပေါက်က NEV အစိတ်အပိုင်းများတင်ပို့မှုကို တစ်ဟုန်ထိုးတိုးတက်မှုဖြစ်စေ

နန်နင်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးတံခါးပေါက်ဖြစ်သော ချင်ကျိုးဆိပ်ကမ်းသည် လွန်ခဲ့သောငါးနှစ်တာကာလအတွင်း စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ် (NEV) အစိတ်အပိုင်းများ တင်ပို့မှု အဆပေါင်း ၇၀ မြင့်တက်ခဲ့ကြောင်း China Railway Nanning Group ကုမ္ပဏီလီမိတက်မှ အချက်အလက်များအရ သိရသည်။
ယခုနှစ် အောက်တိုဘာ ၂၂ ရက်အထိ တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကုန်းတွင်းမြို့ဖြစ်သော လျိုကျိုးမှ NEV အစိတ်အပိုင်း TEU ကွန်တိန်နာ ၁၁,၃၇၀ လုံးကို ချင်ကျိုးဆိပ်ကမ်းမှ တင်ပို့ခဲ့ကြောင်း အချက်အလက်များ၌ ဖော်ပြထားသည်။ ယင်းပမာဏမှာ ၂၀၁၉ ခုနှစ်က ရှိခဲ့သော တစ်နှစ်တာပမာဏ TEU ၁၆၀ လုံးနှင့် နှိုင်းယှဉ်ပါက ငါးနှစ်အတွင်း အဆပေါင်း ၇၀ တိုးတက်လာခြင်းဖြစ်သည်။

SAIC Motor ၊ General Motors နှင့် Liuzhou Wuling Motors ကြား ဖက်စပ်လုပ်ငန်းဖြစ်သော လျိုကျိုးမြို့အခြေစိုက် SAIC-GM-Wuling (SGMW) မော်တော်ကားကုမ္ပဏီ၏ ကားအစိတ်အပိုင်းတင်ပို့မှုများသည် ကနဦးက အရှေ့တောင်အာရှနိုင်ငံများကိုသာ လွှမ်းခြုံထားရာမှ အလယ်အမေရိကနှင့် တောင်အမေရိက၊ အရှေ့အလယ်ပိုင်း အပါအဝင် နိုင်ငံနှင့် ဒေသ ၄၀ ကျော်အထိ တိုးချဲ့လာနိုင်ခဲ့သည်။

NEV လုပ်ငန်းများ၏ သယ်ယူပို့ဆောင်ရေးလိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် ရထားလုပ်ငန်း တာဝန်ရှိသူများက ကုန်းလမ်း-ပင်လယ်ရေကြောင်း ရထားဝန်ဆောင်မှုအသစ်ကို ကြေညာခဲ့သည်။ လက်ရှိတွင် အပတ်စဉ် တနင်္လာနေ့နှင့် ကြာသပတေးနေ့တွင် ရထားနှစ်စင်း ပုံမှန်ပြေးဆွဲလျက်ရှိပြီး ယခင်ကနှင့် နှိုင်းယှဉ်ပါက သယ်ယူပို့ဆောင်ရေးအလုံးစုံကြာမြင့်ချိန် ငါးနာရီကျော် သက်သာကြောင်း သိရသည်။

လျိုကျိုးမြို့သည် NEV လုပ်ငန်းဖွံ့ဖြိုးသောနေရာဖြစ်ကာ ဒီဇိုင်းစုံလင်၍ အရွယ်အစားသေးငယ်သော NEV မော်တော်ယာဉ်များစွာလည်း ထွက်ပေါ်လာခဲ့သည်။
ချင်ကျိုးဆိပ်ကမ်းဧရိယာသည် တရုတ်နိုင်ငံနှင့် အာဆီယံကြား ကုန်စည်သယ်ယူပို့ဆောင်ရေး အဆင်ပြေချောမွေ့စေသည့် အဆင့်မြင့် ကုန်သွယ်ရေးတံခါးပေါက်တစ်ခုအဖြစ် ထူထောင်ထားကြောင်း သိရသည်။ (Xinhua)

#China #ASEAN #NEV #Export #တရုတ် #အာဆီယံ #စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ် #တင်ပို့

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.