Connect with us

Media

တရုတ်နိုင်ငံက ဆက်သွယ်ရေးနည်းပညာစမ်းသပ်ဂြိုဟ်တုသစ် လွှတ်တင်

ရှီးချန်း၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ဆက်သွယ်ရေးနည်းပညာဆိုင်ရာ စမ်းသပ်ဂြိုဟ်တုသစ်တစ်စင်းအား နိုင်ငံအနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အာကာသအတွင်းသို့ ဒီဇင်ဘာ ၃ ရက်က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။
Long March-3B သယ်ယူပို့ဆောင်ရေးဒုံးပျံဖြင့် ယင်းဂြိုဟ်တုအား ပေကျင်းစံတော်ချိန် မွန်းလွဲ ၁ နာရီ ၅၆ မိနစ်က လွှတ်တင်ခဲ့ခြင်း ဖြစ်ပြီး သတ်မှတ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။
အဆိုပါဂြိုဟ်တုအား ဂြိုဟ်တုဆက်သွယ်ရေး၊ ရုပ်မြင်သံကြား၊ အချက်အလက်ပေးပို့မှုနှင့် အခြားဝန်ဆောင်မှုများအတွက် အသုံးပြုသွားမည် ဖြစ်ပြီး ဆက်စပ်နည်းပညာစမ်းသပ်မှုများအား လုပ်ဆောင်သွားမည်ဟုလည်း သိရသည်။
အဆိုပါလွှတ်တင်မှုက Long March စီးရီး သယ်ယူပို့ဆောင်ရေးဒုံးပျံများ၏ ၅၄၉ ကြိမ်မြောက် မစ်ရှင် ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………..
(English Version)
China launches new communication technology test satellite
China successfully sent a new experimental satellite for communication technology into space from the Xichang Satellite Launch Center in southwestern Sichuan Province on Tuesday.
The satellite was launched by a Long March-3B carrier rocket at 1:56 p.m. (Beijing Time) and has entered the planned orbit.
The satellite will be used for satellite communication, radio and television, data transmission and other services. It will also carry out related technology tests.
The launch marked the 549th mission of Long March series carrier rockets.
Xinhua News Agency correspondents reporting from Xichang, China. (XHTV)