Videos
မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ပျော်ရွှင်စရာ ဟိုလီပွဲတော်ကျင်းပ
ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့၌ မတ် ၂၃ ရက်တွင် ကျင်းပပြုလုပ်သော ဟိန္ဒူဘာသာဝင်များ၏ (ဟိုလီပွဲတော်) မြင်ကွင်းများ ဖြစ်သည်။ဟိန္ဒူဘာသာဝင်များသည် နွေဦးရောက်ရှိခြင်းနှင့် ဘဝအသစ် စတင်ခြင်း အထိမ်းအမှတ်ဆင်နွှဲရန် ရောင်စုံဆေးမှုန့်များဖြင့် ခြယ်မှုန်းကြသည့် ပျော်ရွှင်ဖွယ်ရာ ဆေးရောင်စုံပွဲတော်များအနက် တစ်ခုဖြစ်သော ဟိုလီပွဲတော်တွင် ဝင်ရောက်ဆင်နွှဲလေ့ရှိကြောင်း သိရသည်။ ချစ်ခြင်းမေတ္တာပွဲတော်ဟုလည်း လူသိများသော ဟိုလီပွဲတော်တွင် လူအများ အတူတကွစုစည်းလျက် မကောင်းသောစိတ်ခံစားမှုများအားလုံးကို မေ့ဖျောက်နိုင်ပြီး အခွင့်အလမ်းကောင်းပေးအပ်လျက် ကောင်းမြတ်ခြင်းများ ဆောင်ကြဉ်းလာစေရန် တောက်ပသောအရောင်များ အသုံးပြုကာ ဆင်နွှဲကြခြင်းဖြစ်သည်။ (Xinhua)