Connect with us

Media

မြန်မာနိုင်ငံ၌ တပေါင်းလပြည့်ည အခါသမယနှင့် ရွှေတိဂုံစေတီတော်မြတ်ရင်ပြင်ပေါ်က ဘုရားဖူး ပြည်သူများ

ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ မတ် ၂၄ ရက် တပေါင်းလပြည့်ည အခါသမယတွင် ရွှေတိဂုံစေတီတော်မြတ်ရင်ပြင်ပေါ်တွင် ဘုရားဖူး ပြည်သူအများအပြား မြင်တွေ့ရသည်။ ရွှေတိဂုံစေတီတော် ၂၆၁၂ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကြီးကို မတ် ၁၅ ရက်မှစတင်ကာ ကျင်းပခဲ့ပြီး ယင်းတပေါင်းပွဲတော်ကြီးတွင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်း ၊ ဆွမ်းဆန်တော်လောင်းလှူပွဲ စသည်တို့ကိုပါ ကျင်းပကြကြောင်း သိရသည်။
ဘာသာရေး ကိုအခြေခံ ၍ ကျင်းပသော ပျော်ပွဲရွှင်ပွဲများတွင် တပေါင်းပွဲတော်သည် အစည်ကားဆုံးဖြစ်သည်။ များစွာသော စေတီ ပုထိုးတို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဘုရားပွဲတော်များသည် တပေါင်း လတွင် အများဆုံးကျင်းပကြ သည်မှာလည်း ထူးခြားချက် တစ်ရပ်ဖြစ်ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.