Connect with us

Media

တရုတ်နိုင်ငံ သမ္မတ ရှီက ယူကရိန်းအကျပ်အတည်း ဖြေရှင်းရန် မူဝါဒလေးခု အဆိုပြု

ပေကျင်း၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ယူကရိန်းအကျပ်အတည်း ထိန်းချုပ်နိုင်မှုလျော့နည်းလာခြင်းကို ကာကွယ်ရန်နှင့် ငြိမ်းချမ်းရေးကို ဆောလျင်စွာ ပြန်လည်ထိန်းသိမ်းနိုင်ရန် မူဝါဒလေးခုကို ဧပြီ ၁၆ ရက်က အဆိုပြုခဲ့ကြောင်း သိရသည်။

သမ္မတ ရှီသည် တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Olaf Scholz နှင့် ပေကျင်းမြို့၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးတို့သည် ယူကရိန်းအရေးနှင့်ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ်ခဲ့ကြသည်။

လတ်တလောအခြေအနေများအရ ယူကရိန်းပဋိပက္ခအခြေအနေ ထိန်းချုပ်နိုင်မှုလျော့နည်းလာသည်ကို ကာကွယ်ရန်အလို့ငှာ နိုင်ငံများအားလုံးအနေဖြင့် ငြိမ်းချမ်းရေးကို ဆောလျင်စွာ ပြန်လည်ရရှိရေးအတွက် အတူတကွ ဆောင်ရွက်သင့်ကြောင်း သမ္မတ ရှီက အလေးထားပြောခဲ့သည်။ ၎င်းတို့ဆွေးနွေးပွဲအဆုံးတွင် ရှီက မူဝါဒလေးခုကို အဆိုပြုခဲ့သည်။

ပထမအချက်မှာ မိမိတို့အနေဖြင့် တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းမှုကို ဦးစားပေးရမည်ဖြစ်သလို တစ်ကိုယ်ကောင်းဆန်မှု ရှောင်ရှားရမည်ဖြစ်ကြောင်း၊ ဒုတိယအချက်မှာမူ မိမိတို့အနေဖြင့် အခြေအနေကို အေးချမ်းအောင်ဖြေလျှော့ရမည်ဖြစ်ကာ ပြဿနာကို မီးမမွှေးသင့်ကြောင်း၊ တတိယအချက်မှာ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေး ပြန်လည်ထိန်းသိမ်းရေးအတွက် အခြေအနေဖန်တီးပေးရန်နှင့် တင်းမာမှုများ ပိုမိုဆိုးဝါးစေမည့် အခြေအနေကို ရှောင်ရှားရန် လိုအပ်ကြောင်း၊ စတုတ္ထအချက်မှာ ကမ္ဘာ့စီးပွားရေးအပေါ် အနုတ်သဘောသက်ရောက်မှုကို လျှော့ချရမည်ဖြစ်ကာ ကမ္ဘာ့စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ကွင်းဆက်များ တည်ငြိမ်ရေးကို လျော့ပါးလာစေခြင်းအား ရှောင်ရှားရမည်ဖြစ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။ (Xinhua)

……………………
(English Version)
Xi puts forth four principles to resolve Ukraine crisis
BEIJING, April 16 (Xinhua) — Chinese President Xi Jinping on Tuesday proposed four principles to prevent the Ukraine crisis from spiraling out of control and to restore peace at an early date.
Xi met with visiting German Chancellor Olaf Scholz in Beijing and the two leaders had an in-depth exchange of views on the crisis in Ukraine during their talks.
Xi emphasized that under the current situation, in order to prevent the conflict from spiraling out of control, all parties should work together to restore peace as soon as possible. To this end, he proposed four principles.
“First, we should prioritize the upholding of peace and stability and refrain from seeking selfish gains. Second, we should cool down the situation and not add fuel to the fire. Third, we need to create conditions for the restoration of peace and refrain from further exacerbating tensions. Fourth, we should reduce the negative impact on the world economy and refrain from undermining the stability of global industrial and supply chains,” Xi said.