Connect with us

Videos

ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် ပေထွန်ထန် ရှင်နာဝပ်ထရာကို ရွေးချယ်တင်မြှောက်

ဘန်ကောက်၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၏ ဖြူထိုင်းပါတီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က ကျောထောက်နောက်ခံပေးထားသည့် ကိုယ်စားလှယ်လောင်း ပေထွန်ထန် ရှင်နာဝပ်ထရာသည် ပါလီမန်မဲခွဲဆုံးဖြတ်မှုအတွင်း လိုအပ်သော ထောက်ခံမဲအရေအတွက်ကို ရရှိခဲ့ပြီးနောက် ဩဂုတ် ၁၆ ရက်တွင် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။ယခုသီတင်းပတ်အစောပိုင်း၌ ကျင့်ဝတ်သိက္ခာပိုင်း ချိုးဖောက်မှုဖြင့် ယခင်ဝန်ကြီးချုပ် ဆေထာထဝီဆင်အား ရာထူးမှဖယ်ရှားရန် ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက အမိန့်ချခဲ့ပြီးနောက်တွင် ပြုလုပ်ခဲ့သည့် ပါလီမန်မဲခွဲဆုံးဖြတ်မှုအတွင်း ပေထွန်ထန်သည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် အဆိုပြုခံရသည့် တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်းဖြစ်သည်။

အသက် ၃၇ နှစ်အရွယ် ဖြူထိုင်းပါတီ ခေါင်းဆောင်ဖြစ်ပြီး ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ အငယ်ဆုံးသမီးလည်းဖြစ်သူ ပေထွန်ထန်သည် ထိုင်းနိုင်ငံ၏ ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်နှင့် နိုင်ငံ၏ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာရန် ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်း၏ တရားဝင်ခန့်အပ်မှုကို စောင့်ဆိုင်းရမည်ဖြစ်သည်။

အသစ်ရွေးချယ်ခြင်းခံရသော ထိုင်းဝန်ကြီးချုပ်အသစ် ပေထွန်ထန် ရှင်နာဝပ်ထရာက “ကျွန်မ ဒီကနေ့ ဒီမှာရှိနေရတဲ့အတွက် အလွန်ပဲစိတ်လှုပ်ရှားရပါတယ်။ အခုလိုလာရောက်ကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ တာဝန်တွေတိုင်းအတွက် ကျွန်မတို့အကောင်းဆုံးလုပ်ဆောင်သွားမှာပါ” ဟု ပြောကြားခဲ့သည်။ (Xinhua)

———————————
(English Version)
Paetongtarn Shinawatra elected as Thailand’s youngest PM
Paetongtarn Shinawatra, a candidate backed by Thailand’s Pheu Thai-led coalition, was elected as the country’s new prime minister on Friday after winning a simple majority in a parliamentary vote.
Paetongtarn was the only candidate nominated to be the new prime minister during the parliamentary vote, which came following a court-ruled dismissal of then Prime Minister Srettha Thavisin in an ethics violation case earlier this week.
The 37-year-old Pheu Thai Party leader, also the youngest daughter of former Prime Minister Thaksin Shinawatra, will be awaiting a formal appointment by Thai King Maha Vajiralongkorn to become the second female premier and the youngest one in the Southeast Asian country.
SOUNDBITE (English): PAETONGTARN SHINAWATRA, Thailand’s newly elected Prime Minister
“I’m so excited to be here today, and thank you all for coming. Of course, every task in the future, we are going to do our best.”