Connect with us

Media

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးဒေသ၌ အဏုမြူစွမ်းအင်ဓာတ်အားပေးစက်ရုံစီမံကိန်း တည်ဆောက်ရေး စတင်

ဖောင်ချိန်ကန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း ဆိပ်ကမ်းမြို့ ဖောင်ချိန်ကန်၌ အဏုမြူစွမ်းအင်ဓာတ်အားပေးစက်ရုံစီမံကိန်းတစ်ခု တည်ဆောက်ရေးအား စက်တင်ဘာ ၁၁ ရက်က စတင်ခဲ့ကြောင်း SPIC ကွမ်ရှီးအဏုမြူစွမ်းအင်လီမိတက်ကုမ္ပဏီထံမှ သိရသည်။
ကွမ်ရှီးဒေသ ဖောင်ချိန်ကန်မြို့ရှိ ကျွန်းဆွယ်တစ်ခုပေါ်တွင် တည်ရှိသော Bailong အဏုမြူစွမ်းအင်ဓာတ်အားပေးစက်ရုံ စီမံကိန်းက ကီလိုဝပ်တစ်သန်း ထုတ်လုပ်နိုင်သော အဏုမြူစွမ်းအင်ယူနစ် ခြောက်ခု ဖန်တီးပေးမည် ဖြစ်ပြီး သတ်မှတ်စီစဉ်ထားသည့် အလုံးစုံလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစွမ်းရည်မှာ ကီလိုဝပ် ၈.၆၂ သန်း ရှိကြောင်း သိရသည်။ (Xinhua)
…………………..
(English Version)
Construction begins on nuclear power project in south China’s Guangxi
Construction began Wednesday on a nuclear power project in the southern Chinese port city of Fangchenggang, according to SPIC Guangxi Nuclear Power Limited Company.
The Bailong Nuclear Power Project, located on a peninsula in Fangchenggang City, Guangxi, will create six nuclear power units at the million-kilowatt level. The planned overall capacity is 8.62 million kilowatts.
Xinhua News Agency correspondents reporting from Fangchenggang, China. (XHTV)