Connect with us

Videos

တရုတ်ကုမ္ပဏီတစ်ခုက အလွန်တာရှည်ခံသည့် နျူကလီးယားဘက်ထရီ တီထွင်ထုတ်လုပ်

သန့်စင်စွမ်းအင် နည်းပညာဆိုင်ရာ လတ်တလော ခြေလှမ်းတစ်ရပ်အဖြစ် Zhulong-1 ဟု အမည်ပေးထားသော အလွန်တာရှည်ခံသည့် carbon-14 (C-14) နျူကလီးယားဘက်ထရီ ရှေ့ပြေးပုံစံတစ်မျိုးကို တီထွင်ခဲ့ကြောင်း တရုတ်ကုမ္ပဏီတစ်ခုက ကြေညာခဲ့ရာ ယင်းသည် မိုက်ခရို-နျူကလီးယား ဘက်ထရီ တီထွင်ရန် ကြိုးပမ်းမှုအတွက် တိုးတက်အောင်မြင်မှုတစ်ခုပင်ဖြစ်သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်တွင် တည်ရှိသော Wuxi Beita Pharmatech ကုမ္ပဏီလီမိတက်က တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းဆုပြည်နယ်ရှိ Northwest Normal တက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ နျူကလီးယား ဘက်ထရီများက ရေဒီယိုသတ္တိကြွ ပြိုကွဲမှု စွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးကာ သမားရိုးကျ ဓာတုဘက်ထရီများနှင့် အခြေခံအားဖြင့် ကွဲပြားခြားနားကြောင်း သိရသည်။ (Xinhua)

#China #NuclearBattery #Carbon_14 #တရုတ်နိုင်ငံ #နျူကလီးယားဘက်ထရီ
…………………………………………………………………..
(English Version)
Chinese company develops nuclear battery with ultra-long lifespan
In the latest step to clean energy technology, a Chinese company said that it has developed a prototype of ultra-longevity carbon-14 (C-14) nuclear battery, named Zhulong-1, making progress in the micro-nuclear battery innovation quest.
Wuxi Beita Pharmatech Co., Ltd. which is located in east China’s Jiangsu Province, said it made the achievement in collaboration with Northwest Normal University in Gansu Province in the northwest of China. Nuclear batteries convert radioactive decay energy into electricity, differing fundamentally from conventional chemical batteries.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.