Media
ဆန်းတို့စ်နည်းပြသစ်က နေမာမှာ အသင်းအတွက် အဖြေဖြစ်ဟု ဆို
ရာသီအစပိုင်းတွင် ရလဒ်များဆိုးရွားနေမှုကို ပြန်လည်ကုစားရန် ကြိုးပမ်းနေသည့် ဆန်းတို့စ်အသင်း၏ မန်နေဂျာသစ်ဖြစ်သူ ကလယ်ဘာ ရှက်ဗီယာက နေမာအနေဖြင့် ၎င်း၏လက်ထက်၌ လွတ်လွတ်လပ်လပ် ရွေ့လျားကစားရသည့် နေရာတွင် ပါဝင်ကစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နေမာအနေဖြင့် ဘာစီလိုနာအသင်းတွင် အောင်မြင်ကျော်ကြားခဲ့သည့် နေရာဖြစ်သော ဘယ်တောင်ပံတွင် ပြန်လည်ကစားခွင့် ရဖွယ်မရှိဟု နည်းပြဟောင်း Pedro Caixinha ၏နေရာတွင် တရားဝင် အစားထိုးတာဝန်ယူပြီးနောက် ပထမဆုံးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရှက်ဗီယာက ပြောကြားခဲ့သည်။
“သူက ဘာစီလိုနာမှာရော နိုင်ငံအသင်းမှာပါ ဘယ်ခြမ်းမှာ ကစားခဲ့ပေမဲ့ အခုအချိန်မှာတော့ သူက ကွင်းလယ်တိုက်စစ်နေရာနဲ့ ပိုပြီးလိုက်ဖက်ပါတယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)
……………………….
(English Version)
Neymar is the ‘solution’, says new Santos boss
New Santos manager Cleber Xavier says Neymar will have a free-roaming role under his leadership as the club seeks to recover from its poor start to the season.
In his first press conference since officially replacing Pedro Caixinha, Xavier said Neymar was unlikely to return to the left wing, the position in which he rose to prominence at Barcelona.
“He played on that side [the left] at Barcelona and with the national team but now he is more suited to an attacking midfielder role,” Xavier said.