Connect with us

Media

တော့တင်ဟမ်ကွင်းလယ်လူ မက်ဒီဆင် ဒူးဒဏ်ရာကြောင့် ယခုရာသီမှာ လက်ကျန်ပွဲစဉ်တွေကို လွဲချော်နိုင်ဖွယ်ရှိ

တော့တင်ဟမ်အသင်း၏ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဂျိမ်းစ်မက်ဒီဆင်မှာ ဒူးဒဏ်ရာကြောင့် ယခုရာသီ၏ လက်ကျန်ပွဲစဉ်များကို လွဲချော်ဖွယ်ရှိကြောင်း ကလပ်အသင်းက မေ ၅ ရက်၌ အတည်ပြုခဲ့သည်။

မက်ဒီဆင်မှာ ဘိုဒို/ဂလင့်အသင်းအား အိမ်ကွင်း၌ ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် မေ ၁ ရက် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်၌ ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကာ နည်းပြ အန်းပေါ့စတီကိုဂလူအနေဖြင့် ၎င်း၏ဒဏ်ရာပြဿနာအပေါ် အစောပိုင်းတွင် အကောင်းမြင်ထားသော်လည်း ဆေးစစ်ချက် ထွက်လာချိန်တွင် ၎င်း၏ဒဏ်ရာမှာ မူလက ထင်ထားသည်ထက် ပိုမိုပြင်းထန်နေကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်။

သို့ဖြစ်ရာ မက်ဒီဆင်အနေဖြင့် ယခုတစ်ပတ်၌ နော်ဝေနိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်ရမည့် ယူရိုပါလိဂ်ပွဲစဉ်နှင့် တော့တင်ဟမ်အသင်း၏ လက်ကျန် ပရီးမီးယားလိဂ်ပွဲစဉ်များကို လွဲချော်မည်ဖြစ်သလို ၎င်း၏အသင်းအနေဖြင့် ယူရိုပါလိဂ် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပါက ဘီဘာအိုမြို့တွင် မေ ၂၁ ရက်၌ ယှဉ်ပြိုင်ကစားရမည့် အဆိုပါ ဗိုလ်လုပွဲကိုလည်း လွဲချော်မည်ဖြစ်သည်။ (Xinhua)
…………………..
(English Version)
Season ending injury for Tottenham midfielder Maddison
Tottenham’s England midfielder James Maddison is expected to miss the rest of the season with a knee injury, the club has confirmed on Monday.

Maddison hurt his knee in Thursday’s 3-1 win at home to Bodo/Glimt in the first leg of the Europa League semi-final and although coach Ange Postecoglou had originally been optimistic about the seriousness of the problem, tests have now shown the injury is more serious than at first thought.

The news means Maddison will miss this week’s Europa League return leg in Norway and his side’s remaining Premier League matches, as well as the Europa League final in Bilbao on May 21st if his side qualifies.