ကန်ဒါဟာ၊ အာဖဂန်နစ္စတန်၊ မတ် ၁၉ ရက် (ဆင်ဟွာ)
ပေကျင်း၊ မတ် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မတ် ၁၈ ရက်နှောင်းပိုင်းက အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်၏ ဖုန်းခေါ်ဆိုမှုကို လက်ခံပြောကြားခဲ့သည်။ နှစ်နိုင်ငံ သမ္မတများသည် တရုတ်-အမေရိကန် ဆက်ဆံရေး၊ ယူကရိန်းနိုင်ငံအခြေအနေနှင့် အခြား အပြန်အလှန်အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များအပေါ် ပွင့်ပွင့်လင်းလင်း၊ နက်နက်ရှိုင်းရှိုင်း...
မော်စကို၊ မတ် ၁၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင် (Vladimir Putin) နှင့် ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ်မက်ခရွန် (Emmanuel Macron) တို့သည် မတ် ၁၈ ရက်တွင်တယ်လီဖုန်းပြောဆိုစဉ် ယူကရိန်း၌ဖြစ်ပွားနေသည့် အခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိဗ်၊ မတ် ၁၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွင်း ယူကရိန်းနိုင်ငံ၏ ရပ်တည်ချက်မှာ အပြောင်းအလဲမရှိကြောင်း ယူကရိန်း သမ္မတအကြံပေး Mykhailo Podolyak က မတ် ၁၈ ရက်၌ ပြောကြားခဲ့သည်။
အမ်မန်၊ မတ် ၁၈ ရက် (ဆင်ဟွာ) ဂျော်ဒန်နိုင်ငံ Sarhan နှင့် Jafer လုပ်ကွက်များတွင် ရေနံရှာဖွေရေး စီမံကိန်းတစ်ခုကို စွမ်းအင်နှင့် သတ္တုအရင်းအမြစ်ဝန်ကြီး Saleh Kharabsheh က မတ် ၁၇ ရက်တွင် ကြေညာခဲ့သည်။
ဘရပ်ဆဲလ်၊ မတ် ၁၈ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂ (EU) တစ်ဝန်း COVID-19 မျိုးဗီဇပြောင်းဗိုင်းရပ်စ်တစ်မျိုးဖြစ်သော Omicron BA2 ကူးစက်မှုများ မြင့်တက်လျက်ရှိကြောင်း ဥရောပဆေးဝါးအေဂျင်စီ (EMA) ကမတ် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဝါရှင်တန်၊ မတ် ၁၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ပုံမှန်ကုန်သွယ်မှုဆက်ဆံရေးအား ဆိုင်းငံ့ရေးအတွက် အမေရိကန်အောက်လွှတ်တော် ကိုယ်စားလှယ်များက မတ် ၁၇ ရက်တွင် မဲပေးဆုံးဖြတ်ခဲ့ပြီးနောက် အမေရိကန်အစိုးရက ရုရှားကုန်စည်များအပေါ် စည်းကြပ်ခွန်အား ပိုမိုမြင့်မားစွာ သတ်မှတ်နိုင်ရန် လမ်းဖွင့်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဒပ်ဗလင်၊ မတ် ၁၈ ရက် (ဆင်ဟွာ) အိုင်ယာလန်ဝန်ကြီးချုပ် Micheal Martin သည် အမေရိကန်သို့ အလည်အပတ်ရောက်ရှိစဉ်အတွင်း COVID-19 ရောဂါပိုးတွေ့စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက မတ် ၁၇ ရက်တွင် ထုတ်ပြန်သည့် သတင်းတွင် ဖော်ပြထားသည်။
ပေကျင်း၊ မတ် ၁၈ ရက် (ဆင်ဟွာ)
ကီတို ၊ မတ် ၁၇ရက် (ဆင်ဟွာ) ကမ္ဘာ့ထိပ်တန်းငှက်ပျောသီးတင်ပို့သည့် အီကွေဒေါနိုင်ငံသည် နှစ်နိုင်ငံလွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်နှင့် ပတ်သက်၍ စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန် သဘောတူညီထားသည့်အတွက် တရုတ်ဈေးကွက်၏ကြီးမားသည့် အလားအလာကို ထပ်မံရှာဖွေရန် မျှော်လင့်နေကြသည်။ (Xinhua) …………………………. (English Version) GLOBALink | Markets and vaccines: A glance...