အော်ရန်ဘတ်၊ ရုရှား၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း SCO အဖွဲ့ဝင်နိုင်ငံများ၏ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှု “ငြိမ်းချမ်းရေးအစီအစဉ် ၂၀၂၁” ၏ ပထမဆုံး လက်တွေ့ပစ်ခတ်လေ့ကျင့်မှုကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ရုရှားနိုင်ငံ အော်ရန်ဘတ်မြို့တွင်ကျင်းပခဲ့သည်။ လက်တွေ့ပစ်ခတ်လေ့ကျင့်မှုအား Donguz တောင်တန်းပေါ်၌ အချိန် တစ်နာရီခန့်ကြာ...
ဗီယင်ကျန်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) လာအိုနိုင်ငံ၏ မြို့တော် ဗီယင်ကျန်းတစ်ခွင် ပျံ့နှံ့လျက်ရှိသော COVID-19 ဗီဇပြောင်းဗိုင်းရပ်စ်မှာ Delta Plus ဗီဇပြောင်းဗိုင်းရပ်စ်ဖြစ်ကြောင်း လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ လာအိုနိုင်ငံ၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ပြည်တွင်းကူးစက်မှု အသစ် ၁၆၂ ဦးနှင့် ပြည်ပဝင်ရောက်လာသော...
မော်စကို၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံရှိ Perm တက္ကသိုလ်တွင် ကျောင်းသားတစ်ဦးက သေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်မှုဖြစ်ပွားပြီးနောက် လူ ၈ ဦးထက်မနည်းသေဆုံးကာ အခြားသူများစွာ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် တိုက်ခိုက်သူကို ထိန်းသိမ်းထားကြောင်း Sputnik သတင်းအေဂျင်စီက ဖော်ပြထားသည်။ သေဆုံးသူအရေအတွက် အတိအကျအား အတည်ပြုလျက်ရှိကြောင်း ရုရှားနိုင်ငံ စုံစမ်းစစ်ဆေးရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ၏...
တက်ရှ်ခန့်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဥဇဘက်ကစ္စတန်နိုင်ငံတွင် နေ့စဉ် COVID-19 ရောဂါဖြစ်ပွားမှု လျော့ကျလာသဖြင့် COVID-19 ကန့်သတ်ချက်အချို့အား ဖြေလျှော့ပေးခဲ့ပြီး နေအိမ်ပြင်ပနှင့် နေအိမ်အတွင်း လူအများအပြားပါဝင်သော အခမ်းအနားပွဲများ ခွင့်ပြုလျက်ရှိကြောင်း ဥဇဘက် ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက်၌ ပြောကြားခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး...
ပေကျင်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) အဖွဲ့ဝင် အခြားနိုင်ငံများနှင့်အတူ ကုန်သွယ်ရေးသဘောတူညီချက်အား လျာထားသည့်အတိုင်း အသက်ဝင်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) က စက်တင်ဘာ ၁၈ ရက်၌ ပြောကြားခဲ့သည်။ ယခုနှစ်သည် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN)...
ဘေရွတ် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)က လက်ဘနွန်နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် နိုင်ငံတွင်း ကျန်းမာရေးဝန်ထမ်းများ ပြည်ပထွက်ခွာသွားခြင်း(ဦးနှောက်ယိုစီးမှု) နှင့် ဆေးပစ္စည်းများ ၊ လောင်စာဆီ ရှားပါးပြတ်လပ်မှုတို့ကြောင့် ပြိုကျမည့်အန္တရာယ် ရှိနေကြောင်း စက်တင်ဘာ ၁၉ ရက်တွင် သတိပေးပြောကြားခဲ့သည်။ ကျွမ်းကျင်ဆရာဝန် ၄၀ ရာခိုင်နှုန်းနီးပါး နှင့်...
ပေကျင်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) ၇၆ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အထွေထွေဆွေးနွေးပွဲသို့ တရုတ်နိုင်ငံသမ္မတ ရှီကျင်းဖိန်တက်ရောက်မည်ဖြစ်ကြောင်းနှင့် စက်တင်ဘာ ၂၁ တွင် ဗီဒီယိုလင့်ခ်မှတဆင့် အရေးကြီးမိန့်ခွန်းတစ်ရပ် ပြောကြားသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းရင်က စက်တင်ဘာ ၂၀ ရက်တွင်ကြေညာခဲ့သည်။ (Xinhua) ———————————– (English Version)...
မနီလာ၊ ၂၀ ရက် (ဆင်ဟွာ) ကမ္ဘာ့လက်ဝှေ့ချန်ပီယံနှင့် ဖိလစ်ပိုင်နိုင်ငံ ဆီးနိတ်လွှတ်တော်အမတ် မန်နီ ပတ်ကွီယို (Manny Pacquiao) က ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း စက်တင်ဘာ ၁၉ ရက်တွင် ကြေညာလိုက်သည်။
ကဘူးလ် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) စက်တင်ဘာ ၁၉ ရက်သည် အာဖဂန်နစ္စတန်နိုင်ငံ၌ အလယ်တန်း နှင့် အထက်တန်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့် ဒုတိယမြောက်နေ့ ဖြစ်သည်။
ကွေ့ယန် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်အတွင်းရှိ မြစ်တစ်စင်းထဲတွင် ခရီးသည်တင်သင်္ဘောတစ်စင်း တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် စက်တင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီအထိ သေဆုံးသူ ၉ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။ ယင်းမတော်တဆမှုသည် Liupanshui မြို့...