နယူးဒေလီ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဒေလီမြို့နှင့် အခြားသောပြည်နယ်များစွာ၌ COVID-19 ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင် ကာကွယ်ဆေးပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ခတ္တမန္ဒူ ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) ကပ်ရောဂါအား ရင်ဆိုင်တိုက်ဖျက်ရေးအတွက် COVID-19 ကာကွယ်ဆေးများကို နီပေါနိုင်ငံအား ထပ်မံကူညီပေးသွားမည်ဟု နီပေါနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Hou Yanqi က ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) က နိုင်ငံခြားကုန်သွယ်ရေးတွင် ဈေးကွက်ယှဉ်ပြိုင်မှုများ ဖွံ့ဖြိုးတိုးတက်စေရန် နယ်စပ်ဖြတ်ကျော် e-commerce ဆိုင်ရာ ရှေ့ပြေးဇုန်များ တက်ကြွစွာ ချဲ့ထွင်သွားရန် ဇူလိုင် ၁၂ ရက်က ကတိပြုခဲ့ကြောင်း သိရသည်။
တူးနစ် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) တူနီးရှားနိုင်ငံ၌ တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေးကို ဈေးကွက်တင်သွင်းရန် တရားဝင်အခွင့်ပြုပေးခဲ့ကြောင်း တူနီးရှား ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၁၂ ရက်တွင် ကြေညာခဲ့သည်။
ဘဂ္ဂဒက် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ တောင်ပိုင်း Dhi Qar ပြည်နယ်၌ COVID-19 လူနာများအား ကုသပေးနေသော ဆေးရုံတစ်ရုံ၌ မီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် လူ ၄၁ ဦးထက်မနည်း သေဆုံးပြီး အခြားလူ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် Iraqi News Agency...
ဝါရှင်တန် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) သမ္မတဂျိုဗီနယ်လ်မော်စီ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် နိုင်ငံအတွင်း ယိုးယွင်နေသော အခြေအနေအား ထိန်းသိမ်းရာ၌ အမေရိကန်တပ်ဖွဲ့ဝင်များ ဝင်ရောက် ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ဟေတီနိုင်ငံ၏ တောင်းဆိုမှုအပေါ် စဉ်းစားသုံးသပ်နေဆဲဖြစ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ကိုလံဘို ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၁၁ ရက်တွင် တရုတ်နိုင်ငံမှ Sinopharm ကာကွယ်ဆေး နောက်ထပ်တစ်သုတ် ထပ်မံ လက်ခံရရှိခဲ့ကြောင်း သိရသည်။
နယူးဒေလီ ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ Uttar Pradesh ၊ Rajasthan နှင့် Madhya Pradesh ပြည်နယ်သုံးခု၌ လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးသည်းထန်စွာ ရွာသွန်းစဉ် မိုးကြိုးပစ်ခံရသဖြင့် လူ ၇၀ နီးပါး သေဆုံးခဲ့ပြီး အခြားလူ အများအပြား...
လာဂိုစ် ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ) နိုင်ဂျီးရီးယား နိုင်ငံ၏ မြို့တော် နှင့် ပြည်နယ် ၁၅ ခု၌ ကာလဝမ်းရောဂါ ဖြစ်ပွားမှုကြောင့် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း လူ ၃၂၅ ဦး သေဆုံးခဲ့ကြောင်း နိုင်ဂျီးရီးယား ရောဂါထိန်းချုပ်ရေးစင်တာ(NCDC)က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ) ရုရှား နှင့် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးများအား အသိအမှတ်မပြုကြောင်း ပြင်သစ်အစိုးရအရာရှိတစ်ဦး၏ မှတ်ချက်စကားသည် “အနိုင်ကျင့်ဗိုလ်ကျခြင်း နှင့် neo-Nazism လူမျိုးကြီးဝါဒကျင့်သုံးခြင်း၏ လူမျိုးရေးခွဲခြားမှု မျိုးကွဲတစ်ခုသာဖြစ်ကြောင်း ” ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်က တုံ့ပြန်ပြောကြားခဲ့သည်ဟု မကြာသေးမီက Russia Today(RT) အင်တာနက်ဝက်ဆိုက်စာမျက်နှာတွင်...