ကူမင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် ဇူလိုင် ၆ ရက်က ဒေသတွင်း COVID-19 အတည်ပြုလူနာအသစ် ၁၅ ဦးနှင့် ရောဂါလက္ခဏာမပြသူ ၂ ဦးရှိကြောင်း ပြည်နယ် ကျန်းမာရေးကော်မရှင်က ဇူလိုင် ၇ ရက်၌ ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့ရှိ တိရစ္ဆာန်ကုဆေးရုံတစ်ရုံတွင် ကမ္ဘာ့ တိရစ္ဆာန်ကူးစက်ရောဂါနေ့ အထိမ်းအမှတ်အဖြစ် ဇူလိုင် ၆ ရက်တွင် တိရစ္ဆာန်ချစ်သူများက ၎င်းတို့၏ အိမ်မွေးတိရစ္ဆာန်များအား အခမဲ့ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ နှင့် တရုတ်ကွန်မြူနစ်ပါတီ(CPC)ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က နိုင်ငံပေါင်း ၁၇၀ ကျော်မှ နိုင်ငံရေးပါတီ နှင့် နိုင်ငံရေးအဖွဲ့အစည်း ပေါင်း ၆၀၀ ကျော်သည် CPC တရုတ်ကွန်မြူနစ်ပါတီ နှစ်တစ်ရာပြည့် အတွက် ဝမ်းမြောက်စကား ၊...
နယူးယောက်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ကပ်ရောဂါမှ ပြန်လည်နာလန်ထူရေးအတွက် မေးခွန်းများ မေးမြန်းခဲ့ရာတွင် အရွယ်ရောက်ပြီးသူ ၃၀ ရာခိုင်နှုန်းသည် COVID-19 ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသလို ထိုးနှံရန်လည်း အစီအစဉ်မရှိကြောင်း မကြာသေးမီက ပြုလုပ်ထားသော လူထုစစ်တမ်း၌ ဖော်ပြထားကြောင်း အမေရိကန် ရုပ်မြင်သံကြားကွန်ရက် American Broadcasting...
ဝါရှင်တန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် Surfside မြို့ ရှိ ၁၂ ထပ် တိုက် လူနေအဆောက်အအုံ တစ်စိတ်တစ်ပိုင်းပြိုကျမှုတွင် အတည်ပြုထားသော သေဆုံးသူအရေအတွက်သည် ၃၆ ဦးထိ မြင့်တက်လာခဲ့ကြောင်း Miami-Dade ကောင်တီမှူး Daniella Levine Cava...
ချီကာဂို၊ဇူလိုင် ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် ပြီးခဲ့သော ရက်သတ္တပတ်အကုန် သောကြာနေ့ မှ အင်္ဂါနေ့ နံနက်အစောပိုင်းထိ “ အမေရိကန်လွတ်လပ်ရေးနေ့” အားလပ်ရက် ၃ ရက် တာ ကာလအတွင်း အနည်းဆုံး လူပေါင်း ၁၀၄ ဦးသေနတ်ပစ်ခတ်ခံရပြီး သေဆုံးသူ ၁၇ ဦးရှိကြောင်း ချီကာဂိုရဲတပ်ဖွဲ့...
ဂျကာတာ ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံအစိုးရသည် နိုင်ငံတွင် COVID-19 ရောဂါ ဒုတိယလှိုင်းအား ရင်ဆိုင်တိုက်ဖျက်ရန်အတွက် ပြည်ပမှ ဆေးဘက်ဆိုင်ရာအောက်ဆီဂျင်ဗူးများ တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရှန်ဟိုင်း၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) အဆောက်အဦပမာဏအရ ကမ္ဘာ့အကြီးဆုံး နက္ခတ်တာရာပြခန်းဖြစ်သော ရှန်ဟိုင်း နက္ခတ်တာရာကြည့်ပြတိုက်ကို ဇူလိုင် ၁၇ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြတိုက်က ဇူလိုင် ၅ ရက်၌ ကြေညာခဲ့သည်။
ဂျကာတာ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်စွန်း Aceh ပြည်နယ်၊ Aceh Jaya ခရိုင်တွင် ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းမှစ၍ အဆက်မပြတ်ရွာသွန်းသောမိုးကြောင့် ကျေးရွာ ၄၀ ထက်မနည်း ရေလွှမ်းမိုးမှု ကြုံတွေ့နေရကြောင်း ဒေသခံ သဘာဝဘေးလျော့ပါးရေးအေဂျင်စီက ပြောကြားခဲ့သည်။
ဂျေရုဆလင်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်သည့် Pifzer ကာကွယ်ဆေး အကျိုးအာနိသင် ထိရောက်မှုပမာဏသည် ၆၄ ရာခိုင်နှုန်းထိ ကျဆင်းသွားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဇူလိုင် ၅ ရက် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။