ပေကျင်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် COVID-19 ကပ်ရောဂါကြောင့် စိန်ခေါ်မှုများနှင့် မသေချာမှုရှိနေသော်ငြားလည်း အားကောင်းသော စီးပွားရေး ကြံ့ကြံ့ခံနိုင်ခြင်းနှင့်အတူ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူရေးအတွက် မျှော်လင့်ချက်မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။
ဆိုးလ် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ၌ ဂျက်တိုက်လေယာဉ်တစ်စင်းပျက်ကျမှုတွင် လေယာဉ်မှူးအား အသက်သေဆုံးလျက် ရှာဖွေတွေ့ရှိကြောင်း Yonhap သတင်းဌာနက ယနေ့ ဇန်နဝါရီ ၁၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။
နန်နင်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိ (Wang Yi) သည် ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီး မင်းသား Faisal bin Farhan Al Saud နှင့် ၂၀၂၂ ခုနှစ်၊ ဇန်ဝါရီ ၁၀ ရက်တွင် တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းဆူးပြည်နယ်၊ Wuxi...
ပေကျင်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) လစ်သူယေးနီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံကို ဆန့်ကျင်သောအင်အားစုများ၏ လက်ကိုင်တုတ်အဖြစ် မပြုမူရန်နှင့် အမေရိကန်နိုင်ငံအနေဖြင့်လည်း “ထိုင်ဝမ်ကတ်” ဖြင့် ကစားခြင်းကို ရပ်တန့်ရန် တရုတ်နိုင်ငံက တောင်းဆိုလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက ဇန်နဝါရီ၁၀ရက်၌ ပြောကြားခဲ့သည်။
ဂျလာလာဘတ် ၊ အာဖဂန်နစ္စတန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ် Lal Pur ခရိုင်၌ ဇန်နဝါရီ ၁၀ ရက်တွင် စာသင်ကျောင်းတစ်ကျောင်း၏ ပြင်ပ၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာ ကျောင်းသား ၄ ဦး သေဆုံးကာ အခြားသူ ၁၀...
ဂျီနီဗာ ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နှင့် ရုရှားနိုင်ငံအကြား လုံခြုံရေးဆွေးနွေးပွဲအသစ်တစ်ခုသည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ဇန်နဝါရီ ၁၀ ရက် ညနေပိုင်းက မည်သည့် သံတမန်ရေးရာ သဘောတူညီမှု ရလဒ်တစ်စုံတစ်ရာ မရဘဲ ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကော်စီဝင် နှင့် နိုင်ငံခြာရေးဝန်ကြီး ဝမ်ရိသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် ဇန်နဝါရီ ၁၁ ရက်တွင် နှစ်နိုင်ငံဆက်ဆံရေး နှင့် ကာဇက်စတန်နိုင်ငံဆိုင်ရာ အခြေအနေတို့အပေါ် တယ်လီဖုန်းပြောဆိုဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆိုးလ် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK)သည် အရှေ့ဘက်ရေပြင်အတွင်းသို့ အမျိုးအမည်မသိဒုံးကျည်တစ်စင်းအား ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) က ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
အက်ဒစ်စ်အဘာဘာ ၊ ဇန်နဝါရီ ၁ဝ ရက် (ဆင်ဟွာ) အာဖရိကတိုက်တွင် ကိုဗစ်အတည်ပြုလူနာဦးရေသည် စနေနေ့တွင် ၁၀ သန်း ကျော်အထိရှိလာပြီဖြစ်သည်။ လတ်တလော ရက်သတ္တပတ်များအတွက် အိုမီခရွန် ဗီဇပြောင်း ကိုဗစ်ကူးစက်ပျံ့နှံ့လာခြင်းကြောင့် ကူးစက်မှု သိသိသာသာမြင့်တက်လာခြင်းဖြစ်သည်။ ယခုအချိန်ထိ အာဖရိကနိုင်ငံ ၃၃ နိုင်ငံက အိုမီခရွန်ဗီဇပြောင်းကိုဗစ် ပျံ့နှံ့နေပြီဟု သတင်းထုတ်ပြန်ထားပြီး...
ချန်းရှ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံသို့တင်ပို့မည့် တရုတ်နိုင်ငံ ကုမ္ပဏီတစ်ခုမှထုတ်လုပ်သည့် ဥမင်တူးစက်ကြီးတစ်ခုကို ဇန်နဝါရီ၆ရက်က ထုတ်လုပ်ပြီးစီးခဲ့ကြောင်းသိရသည်။ ထိုစက်ကြီးအား ချန်းရှရှိ China Railway Construction Heavy Industry Corporation ဌာနခွဲတစ်ခုမှထုတ်လုပ်ခဲ့သည်။ စက်ကြီးမှာအချင်း ၇.၆ မီတာရှိပြီး ၎င်းအား သီရိလင်္ကာနိုင်ငံတွင်ရေလွှဲစီမံကိန်းတစ်ခု၌အသုံးပြုသွားရန်ဖြစ်ကြောင်းသိရသည်။ သီရိလင်္ကာနိုင်ငံရှိ...