ကဘူးလ် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်ပိုင်ငွေကြေးများကို အမေရိကန်နိုင်ငံက ထိန်းချုပ်ထားခြင်းအပေါ် ကန့်ကွက်သည့်အနေဖြင့် အာဖဂန်ပြည်သူထောင်ပေါင်းများစွာသည် ဇန်နဝါရီ ၂ ရက်က ကဘူးလ်မြို့လမ်းမများပေါ် တက်၍ ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး အာဖဂန်ငွေများထိန်းချုပ်ထားခြင်းကို ဖြေလွှတ်ပေးရန် အမေရိကန်အား ကြွေးကြော် တောင်းဆိုခဲ့ကြသည်။
ရှန်ဟိုင်း ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပြည်တွင်းခရီးသွားလုပ်ငန်းသည် ၂၀၂၂ ခုနှစ်တွင် ဝင်ငွေ တရုတ်ယွမ် ၃.၈၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၉၈ ဘီလီယံခန့်) ရရှိရန် မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံခရီးသွားလုပ်ငန်းအကယ်ဒမီဥက္ကဌ Dai Bin က ဇန်နဝါရီ ၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဖူကျိူး ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ထုတ်လုပ်ထားသော တတိယမျိုးဆက် အဏုမြူဓာတ်ပေါင်းဖို ဟွာလုံဝမ်း (Hualong One)အား အသုံးပြု၍ နိုင်ငံ၏ ဒုတိယနျူကလီးယားစွမ်းအင်ယူနစ်သည် လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်နေပြီ ဖြစ်ကာ စီးပွားဖြစ်လည်ပတ်မှုအတွက် လမ်းဖွင့်ပေးနေကြောင်း သိရသည်။
တီဟီရန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ယနေ့ ဇန်နဝါရီ ၃ ရက်သည် အီရန်ဗိုလ်ချုပ်ကြီး ကွီဆမ်ဆိုလီမန်နီ(Qassem Soleimani) လုပ်ကြံသတ်ဖြတ်ခံရခြင်း ၂ နှစ်ပြည့် အခါသမယဖြစ်ရာ အီရန်နိုင်ငံ တီဟီရန်မြို့တော်အနှံ့အပြား၌ ၎င်း၏ ဓာတ်ပုံများကို ချိတ်ဆွဲပြီး အောက်မေ့ဖွယ် ဂုဏ်ပြုအထိမ်းအမှတ် ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ခါတွမ်း ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) နိုင်ငံအတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေးအကြပ်အတည်းများကြောင့် ဆူဒန်နိုင်ငံဝန်ကြီးချုပ် အဗ်ဒလာဟမ်ဒေါ့ခ် (Abdall Hamdok) သည် ၎င်းအနေဖြင့် ရာထူးမှ နုတ်ထွက်ကြောင်း ဇန်နဝါရီ ၂ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။
နယူးဒေလီ ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) လူပေါင်း ၁၂ ဦးသေဆုံးပြီး အခြား ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဟိန္ဒူဘုရားကျောင်းတစ်ခုအတွင်း လူအုပ်ပိမှု ဖြစ်ရပ်ဆိုးအား အမြင့်ဆုံး စုံစမ်းစစ်ဆေးနိုင်ရန် အိန္ဒိယနိုင်ငံဘက် ထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသ အာဏာပိုင်များက စနေနေ့တွင် အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့သည်။
ဖနွမ်းပင် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံက တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုသည် ၂၀၂၁ ခုနှစ်တွင် ပထမဆုံးအကြိမ် တန်ချိန် ၃၀၀,၀၀၀ ကျော်လွန်ခဲ့ပြီး ကမ္ဘောဒီးယား-တရုတ် နှစ်နိုင်ငံအကြား ဆန်စပါးကဏ္ဍတွင် နောက်ထပ်သမိုင်းမှတ်တိုင် ဖြစ်လာကြောင်း တရုတ်နိုင်ငံ အသိအမှတ်ပြုလက်မှတ် နှင့် စစ်ဆေးရေးအဖွဲ့(CCIC)၏ ကမ္ဘောဒီးယားရုံးခွဲက ဇန်နဝါရီ ၁...
ကိပ်တောင်း ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့တော်ရှိ ဥပဒေပြု လွှတ်တော်တွင် ယနေ့(ဇန်နဝါရီ ၂ ရက်) နံနက်ပိုင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း နှင့် ယင်းမီးလောင်မှုသည် အမျိုးသားလွှတ်တော်(အောက်လွှတ်တော်) အဆောက်အဦသို့ ကူးစက်လောင်ကျွမ်းသွားကြောင်း တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
ဟောင်ကောင် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)၏ သတ္တမအကြိမ်ဥပဒေပြုကောင်စီသည် ဇန်နဝါရီ ၁ ရက်တွင် ၎င်း၏ လေးနှစ်တာသက်တမ်းအား စတင်ခဲ့ကြောင်း သိရသည်။
စင်ကာပူ ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု(RCEP) သဘောတူညီချက် စတင်အသက်ဝင်လာခြင်းက စင်ကာပူနိုင်ငံ နှင့် RCEP အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေး နှင့် စီးပွားရေး ဆက်ဆံမှုများတွင် မြှင့်တင်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံ ကုန်သွယ်ရေး နှင့် စက်မှုလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး Gan Kim Yong...