ကီးယက်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ယူကရိန်းသမ္မတ Volodymyr Zelensky က Donbas ဒေသအကျပ်အတည်းနှင့် ပတ်သက်၍ ရုရှားနိုင်ငံနှင့် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ဖြစ်နေပြီဟု အစိုးရပိုင် Ukrinform သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂ (EU) သည် ဥရောပ COVID-19 ဗီဇပြောင်းမျိုးစိတ်အသစ် ပျံ့နှံ့ခြင်းကို တားဆီးရန် အာဖရိကတောင်ပိုင်းဒေသမှ လေကြောင်းပျံသန်းမှုများကို “အရေးပေါ်ရပ်နားထားရေး” ကို ပြန်လည်ဆောင်ရွက်လိုကြောင်း ဥရောပကော်မရှင်က နိုဝင်ဘာ ၂၆ ရက်က ပြောကြားခဲ့သည်။
ရှီးချန်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တုအသစ်တစ်စင်းကို ယနေ့ (နိုဝင်ဘာ ၂၇ ရက်) က အာကာသအတွင်းသို့ အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) တောင်တရုတ်ပင်လယ်အတွင်း အမေရိကန် နျူကလီးယား ရေငုပ်သင်္ဘော ပါဝင်ပတ်သက်သည့် အဖြစ်အပျက်ကို အသေးစိတ် ရှင်းလင်းရန် တရုတ်စစ်တပ် ပြောရေးဆိုခွင့်ရှိသူက အမေရိကန်အား နိုဝင်ဘာ ၂၅ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အာဖရိကနိုင်ငံ ၃၁ နိုင်ငံနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြောင်း ယနေ့ (နိုဝင်ဘာ ၂၆ ရက်) တွင် ထုတ်ပြန်သည့် ခေတ်သစ်တွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စက္ကူဖြူစာတမ်းအရ သိရသည်။
ဝူးလူမုချီ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း လမ်းဖောက်လုပ်တည်ဆောက်ရေး ရင်းနှီးမြုပ်နှံမှုပမာဏသည် ယွမ် ၆၃.၅ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၉.၉ ဘီလီယံခန့်) ရှိကြောင်း ဒေသအစိုးရက သောကြာနေ့တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့အား COVID-19 ရောဂါအတွက် အလယ်အလတ်နှင့် မြင့်မားသောအန္တရာယ်ဧရိယာများ အဖြစ်မှ ကင်းစင်သွားပြီဖြစ်ကာ နိုဝင်ဘာ ၂၆ ရက်၌ ရောဂါအန္တရာယ်နည်းပါးအဆင့်သို့ လျှော့ချလိုက်ကြောင်း သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက် (Belt and Road Initiative) အောက်ရှိ တရုတ်-အာဖရိက ပူးပေါင်းဆောင်မှုသည် COVID-19 ရောဂါစတင်ဖြစ်ပွားကတည်းက ကြံ့ကြံ့ခံနိုင်စွမ်းနှင့် တက်ကြွမှုတို့ကို ပြသလျက်ရှိသလို နှစ်ဖက်ကြား ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို ကူညီပေးလျက်ရှိကြောင်း နိုဝင်ဘာ ၂၆ ရက်က...
ဂျေရုဆလင်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) တောင်အာဖရိကတွင် COVID-19 ဗီဇမျိုးကွဲအသစ်ကို တွေ့ရှိပြီးနောက် အာဖရိကနိုင်ငံ ခုနစ်နိုင်ငံမှ ခရီးသွားများကို ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ကြောင်း အစ္စရေးနိုင်ငံက နိုဝင်ဘာ ၂၅ ရက်တွင် ကြေညာခဲ့သည်။
မော်စကို၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ Kemerovo ဒေသရှိ ကျောက်မီးသွေးတွင်းတစ်ခုတွင် နိုဝင်ဘာ ၂၅ ရက်က မီးခိုးငွေ့များ ဖုံးလွှမ်းသွားပြီးနောက် ကယ်ဆယ်ရေးသမား ၆ ဦးအပါအဝင် လူပေါင်း ၅၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။